မိုက်ကယ်ဂျက်ဆင် လက်အိတ် ဒေါ်လာ တစ်သိန်း ကိုးသောင်းဖြင့် လေလံတင် ရောင်းချနိုင်ခဲ့

alt

ကွယ်​လွန်​သူ​ Pop​​ ဂီ​တ​ ​ဘု​ရင်​ကြီး​ ​မိုက်​ကယ်​ ဂျက်​ဆင်​ ​ဝတ်​ဆင်​ခဲ့​သော​ ​လက်​အိတ်​အား​ ​ဒေါ်​လာ (​၁၉၀၀၀၀)​ ဖြင့်​ ​လေ​လံ​တင်​ ​ရောင်း​ချ​ နိုင်​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

Crystal​ များ​ ​စီ​ခြယ်​ထား​သည့်​ ​အ​ဆို​ပါ​ ​လက်​အိတ်​ကို​ ​ယ​မန်​နှစ်​ ​ဇွန်​လ(​၂၅)ရက်​နေ့​က​ ​ကွယ်​လွန်​ခ​ဲ့​ရှာ​သည့်​ ​ဂျက်​ဆင်​ (​၁၉၈၄)​ခု​နှစ်​ Vitory​ Tour​ တွင်​ ​ဝတ်​ဆင်​ခဲ့​သည်​။​ ​ဒါ​ရင်​ဂျူ​လီ​ယန်​၏​ Julien’s​ Auction​က​ ​ကြီး​မှူး​သည့်​ ​လေ​လံ​ပွဲ​တွင်​ ​ဂျက်​ဆင်​၏​ ​အ​မှတ်​တ​ရ​ ​ပ​စ္စည်း​အ​မျိုး​ပေါင်း​ (​၂၀၀)​ကျော်​ကို​ ​ရောင်း​ချ​ခဲ့​သည်​။​ ​ဇန်​န​ဝါ​ရီ​လ​ (​၂၇)​ရက်​နေ့​က​ ​လက်စ်​ဗီး​ဂက်​ရှိ​ Planet​ Hollywood​တွင်​ ​ပြု​လပ်​သော​ ​လေ​လံ​ပွဲ​အ​တွင်း​ ​ရောင်း​ချ​ခဲ့​ရ​သည့်​ ​လက်​အိတ်​မှာ​ ​မူ​လ​က​ ​ဒေါ်​လာ(​၂၀၀၀၀)​မှ​ (​၃၀၀၀၀)​ကြား​မျှ​သာ​ ​ရ​ရှိ​မည်​ဟု​ ​ခန့်​မှန်း​ထား​သော်​လည်း​ ​ဒေါ်​လာ(​၁၉၀၀၀၀)​ထိ​ ​ရ​ရှိ​ခဲ့​ခြင်း​ဖြစ်​သည်​။

​ ​လေ​လံ​ပွဲ​သို့​ ​အာ​ရှ​နှင့်​ ​ရု​ရှား​တို့​မှ​ ​ပ​ရိ​သတ်​များ​လည်း​ ​လာ​ရောက်​ခဲ့​ပြီး​ ​စု​စု​ပေါင်း​ဒေါ်​လာ​ (​၁)​သန်း​ကျော်​ဖိုး​မျှ​ ​ရ​ရှိ​ခဲ့​ကြောင်း​ ​ဂျူ​လီ​ယန်​က​ဆို​သည်​။​ ဂျက်​ဆင်​ ဝတ်​ဆင်​ခဲ့​သည့်​ ​အ​ဖြူ​ရောင်​ ဦး​ထုပ်​တစ်​လုံး​မှာ​လည်း​ ​ဒေါ်​လာ(​၅၆၂၅၀)​ဖြင့်​ ​ရောင်း​ချ​ခဲ့​ရ​ပြီး​ (​၂၀၀၉)​ခု​နှစ်​၊​ ​ဇွန်(​၂၄)​ရက်​ ​နေ့​စွဲ​ဖြင့်​ ၎င်း​ရေး​သား​ထား​သ​ည့်​ ​လက်​ရေး​မူ​ ​အ​ထု​ပ္ပ​တ္တိ​ ​စာ​အုပ်​မှာ​လည်း​ ​ဒေါ်​လာ(​၂၁၀၀၀)​ ​ရ​ရှိ​ခဲ့​သည်​။​

​ဂျက်​ဆင်​သည်​ ​ကန့်​သတ်​ဆေး​ဝါး​များ​ ​အ​လွန်​အ​ကျွံ​ ​သုံး​စွဲ​မိ​သော​ကြောင့်​ ​နှ​လုံး​ဖောက်​ပြန်​မှု​ဖြင့်​ ​အ​သက်(​၅ဝ)​ ​အ​ရွယ်​တွင်​ ​တိမ်း​ပါး​ခဲ့​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here