​မိုး​ပျံ​ကား​များ​ပေါ်​ထွန်း​လာ​ရေး​တီ ​ထွင်​မှု​ ​ပို​မို​​ နီး​စပ်​လာ

alt

မိုး​ပျံ​ကား​များ​ ​ပေါ်​ထွန်း​လာ​ရေး​ ​တီ​ထွင်​မှု​မှာ​ ​ခြေ​လှမ်း​တစ်​လှမ်း​ ​ပို​မို​ နီး​စပ်​သွား​ပြီ​ဟု​ ​သိ​ရ​သည်​။​ ​လမ်း​မ​များ​ပေါ်​တွင်​ ​ကား​ တစ်​စင်း​အ​သွင်​ ​မောင်း​နှင်​နိုင်​ပြီး​ ​လေ​ယာဥ်​ပျံ​ ​အငယ်​စား​ ​

တစ်​ခု​အ​နေ​နှင့်​လည်း​ ​လေ​ထဲ​ ပျံ​ဝဲ​နိုင်​သည့်​ ​က​မ္ဘာ့​ပ​ထ​မ​ဆုံး​ ​မိုး​ပျံ​ကား​ကို​ ​အ​မေ​ရိ​ကန်​ ​ပြည်​ထောင်​စု​ ​လေ​ကြောင်း ​စီ​မံ​ခန့်​ခွဲ​ရေး​ဌာ​န​ (FAA)​က​ ​တ​ရား​ဝ​င်​ ​အ​သိ​အ​မှတ်​ ​ပြု​ပေး​လိုက်​ပြီ​ဖြစ်​သည်​။​

Transition​ ဟု​ ​အ​မည်​ပေး​ထား​သည့်​ ​အ​ဆို​ပါ​ ​ကား​တစ်​ပိုင်း​၊​ ​လေ​ယာဥ်​တစ်​ပိုင်း​ ​ယာဥ်ငယ်​ကို​ ​မက်​ဆက်​ချူး​ဆက်​ ​အ​ခြေ​စိုက်​ Terrafugia​ ကု​မ္ပ​ဏီ​က​ ​တီ​ထွင်​ ထား​ခြင်း ​ဖြစ်​ပြီး​ ယင်း​သည်​ ​ကား​အ​နေ​နှင့်​ရော​၊​ ​အ​ပေါ့​စား​ ​လေ​ယာဥ်ငယ်​အ​ဖြစ်​ပါ​ ​အ​သုံး​ချ​နိုင်​သည်​။​ ​ယင်း​ကား​လေး​သည်​ ​လေ​ထဲ​တွင်​ အ​များ​ဆုံး​ ​အ​လေး​ချိန်​ (​၁၄၃၀)​ပေါင်​ထိ​ ​သယ်​ဆောင်​ နိုင်​မည်​ဖြစ်​သည်​။​ ​ ​ထို့​အ​ပြင်​ ​လုံ​ခြုံ​ရေး​စ​နစ်​အ​တွက်​ ​လေ​အိတ်​များ​နှင့်​ ​အ​ခြား​သော​ ​ကိ​ရိ​ယာ​များ​ကို​လည်း​ ​ထည့်​သွင်း​ပေး​ထား​ပြီး​ ​ပြည်​ထောင်​စု​ ​မော်​တော်​ယာဥ်​ ​အ​ဆင့်​အ​တန်း​ ​သတ်​မှတ်​မှု​နှင့်​ အ​ညီ​ ထုတ်​လုပ်​ ထား​ကြောင်း​ ​သိ​ရ​သည်​။​

​ယင်း​ကား​များ​ကို​ (​၂၀၁၁)​ခု​နှစ်​တွင်​ ​စ​တင်​ ရောင်း​ချ​ရန်​ ​ရည်​ရွယ်​ထား​ကြောင်း​ Terrafugia​ က​ ​ပြော​ကြား​ခဲ့​ပြီး​ ​တစ်စင်း​လျင်​ ​ဒေါ်​လာ​နှစ်​သိန်း​မျှ​ ​တန်​ဖိုး​ ကျ​သင့်​နိုင်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here