​ဗြိ​တိန်​တွင်​ ရာ​ဇဝတ်​မှု​ကျူး​လွန်​သူ​အများစု​မှာ​ ​အာ​ဖ​ရိ​က​သား​များ ဖြစ်​ကြောင်း​ ​ရဲ​တပ်​ဖွဲ့​ပြော​

alt

ဗြိတိန်နိုင်ငံတွင် ရာဇဝတ်မှုများ အဓိက ကျူးလွန် နေသူများသည် အာဖရိက ဖွားများသာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြား လိုက်သည်။ သို့သော်လည်း သနားစရာ ကောင်းသော

အချက်မှာ ယင်းတို့သည်ပင် ဒုစရိုက် သားကောင်များ အဖြစ် အများဆုံး ဒုက္ခ တွေ့နေရကြောင်း သိရသည်။ ရဲများက လန်ဒန် မြို့တော် လမ်းကြို လမ်းကြား များတွင် ဖြစ်ပွား နေသည့် သေနတ် ပစ်မှုများ၏ (၃) ပုံ (၂) ပုံကျော်နှင့် ဓားပြမှုများ၏ ထက်ဝက်ကျော် တို့မှာ အာဖရိက ဖွားတို့၏ လက်ချက် ဖြစ်ကြောင်း စကော့တလန် ယက်ဒ် ထောက်လှမ်းရေး အဖွဲ့ စစ်တမ်းကို ကိုးကား ပြောဆိုခဲ့သည်။

(၂၀၀၉)ခုနှစ်မှ လက်ရှိအချိန်အထိ ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့သူ (၁၈၀၉၁)ဦးအား လေ့လာမှုများအရ (၆၇)ရာခိုင်နှုန်းသည် အာဖရိကဖွားများ ဖြစ်ကြကြောင်း သိရှိရသည်။ လုယက်မှု၊ အကြမ်းဖက်မှုနှင့် ဓားပြမှုများကို ကျူးလွန်သည့် တရားခံများအနက် (၅၄)ရာခိုင်နှုန်းမှာလည်း အာဖရိကဖွားများပင် ဖြစ်သည်ဟုဆိုသည်။ လိင် အကြမ်းဖက်မှုတွင်မူ အာဖရိကဖွား အမျိုးသားများမှာ တရားခံစာရင်း၏ (၃၂)​ ရာခိုင်နှုန်းသာ ပါဝင်​ နေပြီး (၄၉)ရာခိုင်နှုန်းမှာ လူဖြူများ ဖြစ်နေကြောင်း ရဲများကဆိုသည်။ သို့သော်လည်း ရာဇဝတ်မှု ကျူးလွန်ခြင်း ခံရသူ အများစုမှာလည်း အာဖရိကဖွားများပင် ဖြစ်နေကြောင်း စစ်တမ်းများ​ အရ သိရသည် လန်ဒန်တွင် အာဖရိကဖွားနှင့် လူဖြူသွေးနှောသော အာဖရိကန်လူမျိုး (၇.၅)သန်းမျှ နေထိုင်သည်။

ရဲများက တစ်နှစ်အတွင်း သေနတ်ပစ်ခံရသူ (၂၈၈၂)ဦးအနက် (၈၃၂)ဦးသည် အာဖရိကဖွားများ ဖြစ်ကြကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အာဖရိကဖွားများသည် ရဲတပ်ဖွဲ့၏ မသင်္ကာမှုဖြင့် စစ်ဆေးခြင်းကို လူဖြူများထက် (၆)ဆပိုမို တွေ့ကြံုရလေ့ရှိကြောင်းလည်း စစ်တမ်းအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here