​ ခ​န္ဓာ​ကိုယ်​ Scan​​ ဖတ်​ ​စစ်​ဆေး​သော​ ​ရောင်​ခြည်​သည်​ ​ကျန်း​မာ​ရေး​​ အ​တွက်​​ အ​န္တ​ရာယ်​ရှိ​နိုင်

alt

လေ​ဆိပ်​များ​တွင်​ ​အ​သုံး​ပြု​နေ​သည့်​ ​ခ​န္ဓာ​ကိုယ်​ Scan​ ဖတ်​ ​စစ်​ဆေး​သော​ ​ရောင်​ခြည်​သည်​ ​ကျန်း​မာ​ရေး​အ​တွက်​ ​အ​န္တ​ရာယ်​ ​ရှိ​နိုင်​ကြောင်း​ ​သု​တေ​သီ​များ​က​ ​သ​တိ​ပေး​ခဲ့​သည်​။​

​ဗြိ​တိ​သျှ​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​များ​က​ ​မန်​ချက်​စ​တာ​၊​ ​ဂတ်​ဝစ်​နှင့်​ ​ဟိ​သ​ရိုး​ ​လေ​ဆိပ်​များ​တွင်​ ​ခ​န္ဓာ​ကိုယ်​ ​အ​ဝတ်​အ​စား​များ​ကို​ ​ဖောက်​ထွင်း​ကာ​ Scan​ဖတ်​ ​စစ်​ဆေး​နိုင်​သည့်​ ​ဓာတ်​ရောင်​ခြည်​သည်​ ​မူ​လ​က​ ​ခန့်​မှန်း​ထား​သည်​ထက်​ ​အ​ဆ(​၂၀)​ ​ပြင်း​အား​ပို​များ​ကြောင်း​ ​ပြော​ကြား​ခဲ့​ပြီး​ ​က​လေးငယ်​များ​ကို​ ​အ​ဓိ​က​ ​ထိ​ခိုက်​မှု​များ​ ​ဖြစ်​စေ​နိုင်​သည်​ဟု​ ​ခန့်​မှန်း​ခဲ့​သည်​။​

​ကို​လံ​ဘီ​ယာ​ ​တ​က္က​သိုလ်​မှ​ ​ဒေါက်​တာ​ဒေး​ဗစ်​ဘ​ရန်​နာ​က​ ​ခ​ရီး​သွား​များ​အ​တွက်​ ​ဘေးဥ​ပါဒ်​ ​ဖြစ်​စေ​နိုင်​သည့်​ ​ရာ​ခိုင်​နှုန်း​မှာ​ ​နည်း​ပါး​နေ​သေး​သော်​လည်း​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​များ​အ​နေ​နှင့်​ ​ယင်း​ရောင်​ခြည်​၏​ ​ပြင်း​အား​ကို​ ​ပို​မို​လျှော့​ချ​သင့်​ကြောင်း​ ​တိုက်​တွန်း​ခဲ့​သည်​။​ ၎င်း​က​ ​လူ(​၂၀)​လျင်​ (​၁)ဦး​မျှ​သည်​ ​မျိုး​ဗီ​ဇ​ကြောင့်​ X-Ray​ရောင်​ခြည်​ ​ကျ​ရောက်​စဥ်​ ​ပျက်​စီး​သွား​သည့်​ DNA​များ​ ​အ​လို​အ​လျောက်​ ​ကောင်း​မွန်​လာ​မှု​ ​နှေး​ကွေး​တတ်​ကြောင်း​၊​ ထို့​ကြောင့်​လည်း​ ​ပြင်း​အား​မြင့်​သည့်​ ​ဓာတ်​ရောင်​ခြည်​ ထိ​တွေ့​မှု​ကို​ ​ခံ​ရ​ပါ​က​ ​ယင်း​သို့​သော​ ​ပု​ဂ္ဂိုလ်​များ​၏​ DNA​ ဆဲလ်​များ​တွင်​ ​ထိ​ခိုက်​မှု​များ​ ​ရှိ​နိုင်​ကြောင်း​ ​ဒေါက်​တာ​ဘ​ရန်​နာ​က​ ​ရှင်း​ပြ​ခဲ့​သည်​။​ ​

လီ​ဗာ​ပူး​မြို့​မှ​ ​ဖြစ်​သော်လည်း​ ​ယ​ခု​လော​လော​ဆယ်​ ​အ​မေ​ရိ​ကန်​နိုင်ငံ​၊​ ​န​ယူး​ယောက်​သို့​ ​ရောက်​ရှိ​နေ​သည့်​ ​ဒေါက်​တာ​ဘ​ရန်​နာ​က​ က​မ္ဘာ့​လေ​ဆိပ်​ကြီး​များ​တွင်​ ​နှစ်​စဥ်​ဖြတ်​သန်း​သွား​လာ​နေ​သူ​ ​သန်း(​၈၀၀)​မျှ​သည်​ ​အ​ဆို​ပါ​ ​ဓာတ်​ရောင်​ခြည်​ဒဏ်​ကို​ ​ခံ​နေ​ရ​ကြောင်း​၊​ ​ရောင်​ခြည်​ကြောင့်​ ဥ​ပါဒ်​ဖြစ်​နိုင်​သည့်​ ​ရာ​ခိုင်နှုန်း​မှာ​ ​အ​လွန်​နည်း​ပါး​သော​လည်း​ ​ဆဲလ်​များ​ကို​ ​ထိ​ခိုက်​မှု​ ​ရှိ​စေ​သည်​ကို​ ​မ​မေ့​လျော့​သင့်​ကြောင်း​ ၎င်း​က​ဆို​သည်​။​ ​ဖေ​ဖော်​ဝါ​ရီ​လ​အ​တွင်း​က​လည်း​ ​သု​တေ​သ​န​ ​ရ​လဒ်​တစ်​ခု​က​ ​လေ​ဆိပ်​များ​တွင်​ ​အ​သုံး​ပြု​သော​ ​ယင်း​ဓာတ်​ရောင်​ခြည်​ကြောင့်​ ​အ​ရေ​ပြား​ကင်​ဆာ​တစ်​မျိုး​ ​ဖြစ်​ပေါ်​နိုင်​ခြေ​ ​တိုး​ပွား​လာ​စေ​ကြောင်း​ ​ဖော်​ထုတ်​တွေ့​ရှိ​ဖူး​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here