ပင်မဆဲလ်သုံးနည်းပညာဖြင့် မျက်မမြင်အချို့အား ကုသပေးနိုင်

alt

မျက်​စိ​အ​လင်း​ ​ကွယ်​ပျောက်​နေ​သူ​ ​အ​ချို့​အား​ ​ပင်​မ​ဆဲလ်​ ​နည်း​ပ​ညာ​ ​အ​သုံး​ပြု​ကာ​ ​မျက်​စိ​​ ပြန်​မြင်​အောင်​ ​ကု​သ​​ ပေး​နိုင်​​ နေ​ပြီ​​ ဖြစ်​ကြောင်း​ ​သိ​ရ​သည်​။​ ​

အ​မေ​ရိ​ကန်​မှ​ ​ဆ​ရာ​ဝန်​များ​သည်​ ​မျက်​စိ​မ​မြင်​သူ​များ​၊​ ​မျက်​လုံး​တွင်​ ​အ​ခြား​သော​ ​ရော​ဂါ​များ​ ​ဖြစ်​ပွား​နေ​သူ​များ​ကို​ ​ပင်​မ​ဆဲလ်​ ​အ​သုံး​ပြု​ကာ​ ​စမ်း​သပ်​ကု​သ​ပေး​နေ​ရာ​ ​ကု​သ​မှု​ (​၁၀၇)​ခု​တွင်​ (​၈၂)​ခု​မှာ​ ​အ​ပြည့်​အ​၀​ ​အောင်​မြင်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​ခြား(​၁၄)ဦး​မှာ​ ​အ​ပြည့်​အ​၀​ ​ပြန်​မ​မြင်​နိုင်​သေး​သော်​လည်း​ ​အ​မြင်​အာ​ရုံ​ ​ခပ်​ဝါး​ဝါး​မျှ​ ​ပြန်​လည်​ရ​ရှိ​လာ​ကြောင်း​ ​ကယ်​လီ​ဖိုး​နီး​ယား​ ​တ​က္က​သိုလ်​မှ​ ​မျက်​စိ​အ​ထူး​ကု​ ​အီ​ဗန်​ရှာ​ဝပ်​က​ ​ပြော​ကြား​ခဲ့​သည်​။​ ၎င်း​က​ ​ယ​ခု​အောင်​မြင်​မှု​မှာ​ ​ဂုဏ်​ယူ​လောက်​ဖွယ်​ ​ကြီး​ကျယ်​သော​ ​ဆေး​ပ​ညာ​ ​မှတ်​တိုင်​တစ်​ခု​အ​ဖြစ်​လည်း​​ ​ပြော​ဆို​သွား​သည်​။​ ​ပင်​မ​ဆဲလ်​ ​အ​စား​ထိုး​ ​ကု​သ​မှု​များ​ကို​ ​ဆေး​ပ​ညာ​ ​နယ်​ပယ်​အ​သီး​သီး​တွင်​ ​စမ်း​သပ်​အ​သုံး​ချ​လျက်​ရှိ​ပြီး​ ​အောင်​မြင်​မှု​အ​ချို့​လည်း​ ​ရ​ရှိ​နေ​ပြီ​ဖြစ်​သည်​။​

​ဒေါက်​တာ​အီ​ဗန်​က​ ​ပင်​မ​အ​မြင်​အာ​ရုံ​ကြော​ကြီး​အား​ ​ထိ​ခိုက်​သွား​သည့်​ ​လူ​နာ​များ​ကို​မူ​ ​ယ​ခု​နည်း​လမ်း​ဖြင့်​ ​ကု​သ​နိုင်​ခြင်း​ ​မ​ရှိ​သေး​ဟု​ ​ဝန်​ခံ​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​မျက်​စိ​နှစ်​ဖက်​လုံး​ ​လုံး​ဝ​မ​မြင်​ရ​တော့​ဘဲ​ ​အ​ပြီး​အ​ပိုင်​ ​ကန်း​နေ​ပြီ​ဖြစ်​သည့်​ ​လူ​နာ​များ​ထံ​မှ​ ​ကျန်း​မာ​သန်​စွမ်း​သော​ ​ပင်​မ​ဆဲလ်​ကို​ ​မ​ရ​ရှိ​နိုင်​သ​ဖြင့်​ ​ကု​သ၍​ ​မ​ရ​ဟု​ဆို​သည်​။​ ​သို့​သော်​လည်း​ မျက်​စိ​မ​မြင်​ရ​သည့်​ ​အ​ခြေ​အ​နေ​ ​အ​တော်​များ​များ​တွင်​မူ​ ​ပင်​မ​ဆဲလ်​ ​အ​စား​ထိုး​ ​ကု​ထုံး​သည်​ ​မျှော်​လင့်​ချက်​ရောင်​ခြည်​ ​တစ်​ခု​ဟု​ ​ဒေါက်​တာ​အီ​ဗန်​က​ ​ပြော​ကြား​ခဲ့​သည်​။​

​သု​တေ​သီ​များ​သည်​ ​ဆီး​ချို​၊​ ​သွေး​တိုး​စ​သည့်​ ​ရော​ဂါ​များ​ကို​ ​ပင်​မ​ဆဲလ်​ ​အ​စား​ထိုး​ကု​ထုံး​ဖြင့်​ ​စမ်း​သပ်​ကု​သ​နေ​ရာ​ ​အ​က​န့်​အ​သတ်​ဖြင့်​ ​အောင်​မြင်​မှု​များ​ ​ရ​ရှိ​နေ​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here