တရုတ်နိုင်ငံမြေပြိုကျမှုအတွင်း ပျောက်ဆုံး​ နေသူများအား ဆက်လက်​ ရှာဖွေနေ

alt

တ​ရုတ်​နိုင်ငံ​တွင်​ ​မြေ​ပြို​ကျ​မှု​များ​အ​တွင်း​ ​ပျောက်​ဆုံး​နေ​သူ​ (​၁၀၀)​ကျော်​ကို​ ​ကယ်​ဆယ်​ရေး​ ​လုပ်​သား​များ​က​ ​ရှာ​ဖေါ​နေ​ဆဲ​ဖြစ်​သည်​။​ ​ဇွန်​လ (​၂၈)​ ရက်​နေ့​ ည​က​ ​မိုး​သည်း​ထန်​စွာ​ ​ရွာ​သွန်း​မှု​ကြောင့်​ ​မြေ​ပြို​မှု​များ​ ​ဖြစ်​ပွား​ခဲ့​ရာ

​ ​အ​နည်း​ဆုံး​ ​လူ (​၁၀၇) ဦး​မျှ​ ​ပျောက်​ဆုံး​ နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​ဂွီ​ဇူး​ရှိ​ ​ကျေး​ရွာ​များ​တွင်​ ​ဖြစ်​ပေါ်​ခဲ့​သည့်​ ​မြေ​ပြို​မှု​များ​ကြောင့်​ ​ဖြစ်​ပေါ်​လာ​သော​ ​အ​ပျက်​အ​စီး​များ​ကို​ ​ကယ်​ဆယ်​ရေး​ ​တပ်​ဖွဲ့​များ​က​ ​ဘူ​ဒို​ဇာ​များ​ ​အ​သုံး​ပြု​ကာ​ ​ရှင်း​လင်း​နေ​ဆဲ​ဖြစ်​ကြောင်း​ ​ဂွီ​ဇူး​ကွန်​မြူ​နစ်​ပါ​တီ​ ​စည်း​ရုံး​ရေးဌာ​န​မှ​ ​အ​ရာ​ရှိ​တစ်ဦး​ဖြစ်​သူ​ ​တီ​ယန်​မို​ရှန်​က​ ​ပြော​ကြား​ခဲ့​သည်​။​ ၎င်း​က​ပင်​ ​စာ​ရင်း​များ​အ​ရ​ ​ပျောက်​ဆုံး​နေ​သူ​ (​၁၀၇)ဦး​ ​ရှိ​နေ​ကြောင်း​၊​ ​ယင်း​တို့​မှာ​ ​အ​သက်​ရှင်​ရန်​ ​မျှော်​လင့်​ချက်​ ​နည်း​ပါး​နေ​ပြီ​ဖြစ်​ကြောင်း​ ​ဝန်​ခံ​ပြော​ကြား​ခဲ့​သည်​။​ CCTV​သတင်း​ဌာ​န​၏​ ​အ​ဆို​အ​ရ​ ​ဒက်​ဇာ​ဟိုင်​ ​ကျေး​ရွာ​အ​နီး​ ​တောင်​တစ်​လုံး​မှာ​ ​မိုး​ရေ​ကြောင့်​ ​ထက်​ဝက်​နီး​ပါး​မျှ​ ​ပြို​ကျ​ကာ​ ​ရွာ​ပေါ်​တွင်​ ​ဖုံး​လ​ွှမ်း​သွား​ကြောင်း​ ​သိ​ရ​သည်​။​ ​လုံ​ခြံု​ရေး​များ​သည်​ ​ရွှံ့​ပြင်​များ​နှင့်​ ​အ​ပျက်​အ​စီး​များ​ ​ဖုံး​လွှမ်း​နေ​သည့်​ ​နေ​ရာ​မှ​ ​ရွာ​သူ​ရွာ​သား​ (​၃၆၀)​ကျော်​ကို​ ​ဘေး​လွတ်​ရာ​ ​ရွှေ့​ပြောင်း​ပေး​ခဲ့​ရ​သည်​။

CCTV​ ​က​ ​ထုတ်​လွှင့်​ပြ​သ​သော​ ​ဗီ​ဒီ​ယို​များ​တွင်​ ​ရွာ​တွင်း​ရှိ​ ​အိမ်​များ​တွင်​ ​လိ​မ္မော်​ရောင်​ ​ရွှံ့​ချပ်​များ​ ​ဖုံး​လွှမ်း​နေ​သည်​ကို​ ​တွေ့​နိုင်​သည်​။​ တ​ရုတ်​နိုင်ငံ​ ​တောင်​ပိုင်း​တွင်​ ​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​အ​တွင်း​ ​မိုး​သည်း​ထန်​ကာ​ ​ရေ​ကြီး​မှု​များ​ ​ဖြစ်​ပေါ်​ခဲ့​ရာ​ ​အ​နည်း​ဆုံး​ ​လူ​ပေါင်း(​၃၇၇)ဦး​ ​သေ​ဆုံး​ပြီး​ (​၁၄၂)ဦး​ ​ပျောက်​ဆုံး​နေ​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here