က​မ္ဘာ့​ဖ​လား​ပွဲ​အ​ပြီး​တွင်​ ​ဂါ​ဇာ​ဒေ​သို့​ ​ထောက်​ပံ့​ရေး​သ​င်္ဘော​များ​ ​ပို​မို​ရောက်​ရှိ​လာ​မည်​ဆို

alt

ဟားမတ်ပြောက်ကျားများ၏ ခေါင်းဆောင် တစ်ဦးက အစ္စရေးတို့ အနေနှင့် ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲ ပြီးဆုံးချိန်တွင် ဂါဇာ ဒေသသို့ ချဥ်းကပ်လာသည့်

ထောက်ပံ့ရေး သင်္ဘော အုပ်စုများ ပိုမို​ ထူထပ်​ များပြား လာသည်နှင့် တွေ့ကြံု ရမည်ဟု သတိပေး ပြောကြား​ လိုက်သည်။

ထို့အပြင် ပါလက်စတိုင်း နိုင်ငံခြားရေး ဝန်ကြီးဟောင်း လည်းဖြစ်သည့် မာမွတ် အယ်ဇာဟာက ဂါဇာသို့ ချဥ်းကပ် လာသည့် အီရန် ထောက်ပံ့ရေး သင်္ဘောအား ဆူးအက် တူးမြောင်း အတွင်း ဖြတ်ကျော်နေစဥ် တားဆီးခဲ့သည့် အီဂျစ် အာဏာပိုင်များကိုလည်း ပြစ်တင် ဝေဖန်ခဲ့သည်။ အယ်ဇာဟာက ကမ္ဘာ့ဖလား ပြီးဆုံးချိန်တွင် အနည်းဆုံး သင်္ဘော (၈) စင်းမျှ ဂါဇာသို့ ဦးတည် လာမည်ဟု Independent သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြား ခဲ့သည်။

အစ္စရေးနိုင်ငံသည် မေလကုန်က တူရကီမှ ဂါဇာသို့ ဦးတည် လာသည့် တူရကီ ထောက်ပံ့ရေး သင်္ဘော တစ်စင်းအား ပစ်ခတ် တားဆီးခဲ့ရာ လူပေါင်း(၉)ဦး သေဆုံး ခဲ့သည့် အတွက် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများ ကြံုနေ ရသည့် အတွက် ထောက်ပံ့ရေး ပစ္စည်းအချို့ကို အကန့်အသတ်ဖြင့် ဂါဇာသို့ တင်ပို့ခွင့် ပြုခဲ့သည်။ သို့သော်လည်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟူက ထောက်ပံ့ရေး သင်္ဘောများနှင့်အတူ ဟားမတ်တို့ထံ လက်နက်များ ပေးပို့မှုများ ပြုလုပ်လာနိုင်ကြောင်း ပြောကြားထားသည်။ အယ်ဇာဟာက လူဦးရေ (၁.၅)သန်းရှိသည့် ဂါဇာဒေသကြီးအား ပိတ်ဆို့ထားခြင်းသည် လူမဆန်သော အကြမ်းဖက် လုပ်ရပ်သာဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here