ကမ္ဘာ့ဖလားတွင် အရေးနိမ့်ခဲ့သည့် အင်္ဂလန်​ အသင်းအား ဗြိတိန်သတင်းစာများ အကြီးအကျယ်​ ဝေဖန်

alt

က​မ္ဘာ့​ဖ​လား​ ​ဘော​လုံး​ပြိုင်​ပွဲ​တွင်​ ​အ​ရေး​နိမ့်​ခဲ့​သည့်​ ​အ​င်္ဂလန်​အ​သင်း​အား​ ​ဗြိ​တိန်​သ​တင်း​စာ​များ​က​ ​အ​ကြီး​အ​ကျယ်​ ​ဝေ​ဖန်​တိုက်​ခိုက်​ ​ရေး​သား​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​

​ဇွန်​လ(​၂၇)​ရက်​နေ့​က​ ​ဂျာ​မ​နီ​အား​ ​ရှုံး​ထွက်​အ​ဆင့်​တွင်​ (​၄-၁)​ဖြင့်​ ​အ​ရေး​နိမ့်​ ​ထွက်​ခွာ​ခဲ့​ရ​သည့်​ ​အ​င်္ဂလန်​၏​ ​အ​ရှက်​တ​ကွဲ​ ​ရှုံး​နိမ့်​မှု​ကြောင့်​ ​နည်း​ပြ​ ​ဖေ​ဘီ​ယို​ ​ကာ​ပယ်​လို​ရော​၊​ ​က​စား​သ​မား​များ​ကို​ပါ​ ​သ​တင်း​စာ​များ​က​ ​ဖိ​အား​ပေး​ ​နှိပ်​ကွပ်​ခဲ့​ကြ​သည်​။​ The​ Sun​သ​တင်း​စာ​က​ “​တိုင်း​ပြည်​ကို​ ​နိမ့်​ပါး​အောင်​ ​သင်​တို့​ပြု​လုပ်​ခဲ့​သည်”​ဟု​ ​ခေါင်း​စဥ်​တပ်​ကာ​ အ​င်္ဂလန်​ ​အ​သင်း​အား​ ​ဝေ​ဖန်​ရေး​သား​ခဲ့​သည်​။​ ​သ​တင်း​စာ​၏​ ​အ​နောက်​တွင်​မူ​ “​အ​ချိန်​စေ့​ပြီ​ ​ကာ​ပယ်​လို”​ဟူ​သော​ ​ဆောင်း​ပါး​ဖြင့်​ ​အ​င်္ဂလန်​နည်း​ပြ​ ​ရာ​ထူး​မှ​ ​နှုတ်​ထွက်​ရန်​ ​ကာ​ပယ်​လို​အား​ ​ဖိ​အား​ပေး​ ​တောင်း​ဆို​ခဲ့​သည်​။​

Daily​ Mail​သ​တင်း​စာ​က​လည်း​ အ​င်္ဂလန်​အ​သင်း​၏​ ​ပြိုင်​ပွဲ​ကြီး​များ​တွင်​ ​ညံ့​ဖျင်း​တတ်​သော​ ​နောက်​ကြောင်း​ရာ​ဇ​ဝင်​များ​ကို​ ​ဖော်​ထုတ်​ရေး​သား​ကာ​ ​ဖိ​အား​ပေး​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​ဒု​တိ​ယ​က​မ္ဘာ​စစ်​အ​တွင်း​ ​အင်​အားသာ​လွန်​သော​ ​ဂျာ​မန်​လေ​တပ်​ကို​ ​ကြံ့​ကြံ့​ခံ​သော​ ​ဇွဲ​လုံ့​လ​ဖြင့်​ ​အ​နိုင်​ယူ​ခဲ့​သည့်​ ​ဗြိ​တိ​သျှ​ ​လေ​သူ​ရဲ​တို့​၏​ ​စိတ်​ဓာတ်​မျိုး​မှာ​ ​အ​င်္ဂလန်​အ​သင်း​သား​များ​နှင့် ​နှိုင်း​ယှဥ်​ပါ​က​ ​အား​နာ​စ​ရာ​ ​ဖြစ်​ရ​ကြောင်း​ ​ခပ်​နှိမ်​နှိမ်​ ​ဖော်​ပြ​ထား​သည်​။​ Daily​ Mirror​ ​သ​တင်း​စာ​က​လည်း​ ​ကာ​ပယ်​လို​အား ​ရည်​ညွန်း​ကာ​ “​သွား​ပါ​တော့​ဖေ​ဘီ​ (Fabigo)”​ဟု​ ​ရေး​သား​ထား​သည်​။​ ​ဖေ​ဘီ​ယို​က​မူ​ ​အ​င်္ဂလန်​အ​သင်း​ (​၂-၁)​ဖြင့်​ ​အ​ရေး​နိမ့်​နေ​ချိန်​ ​ကွင်း​လယ်​လူ​ ​ဖ​ရန့်​လမ်း​ပတ်​ ​ကန်​သွင်း​သည့်​ ​ဘော​လုံး​ ​ဂိုး​ဝင်​သွား​ခြင်း​ကို​ ​မျက်​ကွယ်​ပြု​ခဲ့​သည့်​ ဥ​ရု​ဂွေး​ဒိုင်​ကို​ ​အ​ပြစ်​ဖို့​ခဲ့​ပြီး​ ၎င်း​အ​နေ​နှင့်​ ​ရာ​ထူး​မှ​ ​နှုတ်​ထွက်​ရန်​ ​အ​စီ​အ​စဥ်​မ​ရှိ​ကြောင်း​ ​ပြော​ကြား​ထား​သည်​။​

​အ​င်္ဂလန်​နှင့်​ ​ဂျာ​မ​နီ​တို့​ ​ယှဥ်​ပြိုင်​သည့်​ပွဲ​ကို​ ​ကမ္ဘာ​အ​ရပ်​ရပ်​မှ​ ​အ​င်္ဂလန်​ပ​ရိ​သတ်​ (​၁၇.​၅)​သန်း​ကျော်​ ​စောင့်​ကြည့်​ခဲ့​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here