iPhone 4 စတင်ရောင်းချပြီး ၃ရက် အတွင်း အလုံးရေ ၁.၇ သန်း ရောင်းချရ

alt

Apple​​ ကု​မ္ပ​ဏီ​သည်​ ၎င်း​တို့​၏​ ​မို​ဘိုင်း​ဖုန်း​ ​မော်​ဒယ်​သစ်​ iPhone​ 4 ​အား​ ​စ​တင်​ရောင်း​ချ​ပြီး​ (​၃) ​ရက်​အ​တွင်း​ ​အ​လုံး​ရေ​ (​၁.​၇) ​သန်း​ ​ရောင်း​ကုန်​သွား​ကြောင်း​ ​ကြေ​ညာ ​ခဲ့​သည်​။​

​ယင်း​သည်​ ​ကု​မ္ပ​ဏီ​သ​မိုင်း​တွင်​ ​ထုတ်​ကုန်​ တစ်​ခု​အ​တွက်​ ​ေ​ဈး​ကွက်​အောင်​မြင်​မှု​ ​အ​မြင့်​မား​ဆုံး​ ​စံ​ချိန်​လည်း​ ​ဖြစ်​လာ​သည်​။​ ​ဇွန်​လ(​၂၄)​ရက်​နေ့​က​ Apple​ သည်​ iPhone​ 4 ​ကို​ ​အ​မေ​ရိ​ကန်​၊​ ​ဗြိ​တိန်​၊​ ​ပြင်​သစ်​၊​ ​ဂျာ​မ​နီ​နှင့်​ ​ဂျ​ပန်​တို့​တွင်​ ​ရောင်း​ချ​ခဲ့​ရာ​ Apple​ပ​ရိ​သတ်​များ​က​ ​ည​အိပ်​စောင့်​ဆိုင်း​ပြီး​ ​ကြို​တင်​တန်း​စီ​ကာ​ ​ဝယ်​ယူ​ခဲ့​ကြ​သည်​။​ ​ဝယ်​လို​အား​ ​အ​လွန်​များ​ပြား​နေ​သည့်​ iPhone​ 4 ​၏​ ​အောင်​မြင်​မှု​ကြောင့်​ ​အ​ချို့​မှာ​ ​ဖုန်း​ဝယ်​မ​ရ​အောင်​ ​ဖြစ်​နေ​သ​ဖြင့်​ Apple​၏​ CEO​ဖြစ်​သူ​ ​စ​တိ​ဂျော့​က​ ​တ​ရား​ဝင်​ ​တောင်း​ပန်​ခဲ့​သည်​။​ ​မိ​မိ​တို့​အ​နေ​နှင့်​ ​ဝယ်​လို​အား​နှင့်​အ​ညီ​ ​ဖြည့်​ဆည်း​ပေး​နိုင်​ရန်​ ​ကြိုး​ပမ်း​သွား​မည်​ဟု​လည်း​ ​စ​တိ​ဂျော့​က​ ​က​တိ​ပြု​ခဲ့​သည်​။​

Apple ​သည်​ iPhone ​၏​ ​ယ​ခင် Version ​ဖြစ်​သော​ iPhone​ 3GS ​ကို​ ​ထုတ်​ဝေ​ခဲ့​စဥ်​က​လည်း​ (​၃)​ ရက်​အ​တွင်း​ ​အ​လုံး​ရေ​ (​၁)​ သန်း​ကျော်​ ​ရောင်း​ချ​နိုင်​ခဲ့​ဖူး​သည်​။​ iPhone​ 4​ ၏​ ​ေ​ဈး​ကွက်​အောင်​မြင်​မှု​များ​ကြောင့်​ ​ဇွန်​လ(​၂၈)​ရက်​နေ့​ Apple​ ​၏​ ​ရှယ်​ယာ​တ​န်​ဖိုး​မှာ​ (​၁.​၆၀)​ဒေါ်​လာ​ ​ထပ်​မံ​မြင့်​တက်​သွား​ပြီး​ (​၂၆၈.​၃၀)​ဒေါ်​လာ​ထိ​ ​ေ​ဈး​ပေါက်​နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​ Apple ​သည်​ Tablet​ကွန်​ပျူ​တာ​ ​အ​မျိုး​အ​စား​ iPad​ ကို​လည်း​ ​ေ​ဈး​ကွက်​အ​တွင်း​ ​ဖြန့်​ချီ​ရောင်း​ချ​ထား​ရာ​ ​အ​ကြီး​အ​ကျယ်​ ​အောင်​မြင်​မှု​များ​ ​ရ​ရှိ​နေ​ကြောင်း​ ​သတင်း​များ​က​ ​ဖော်​ပြ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here