သက်​တမ်း​ထောင်​ချီ​ ​အီ​ဂျစ်​မြို့​တော်​ဟောင်း​နေ​ရာ​ ​ဖော်​ထုတ်​တွေ့​ရှိ

alt

အီဂျစ်နိုင်ငံတွင် သက်တမ်းထောင်ချီ ရှိနေပြီဖြစ်သော မြို့တော်ဟောင်း တစ်ခုအား မြေအောက်တွင် နစ်မြုပ် နေသည်ကို ရေဒါ အကူအညီဖြင့် ဖော်ထုတ် တွေ့ရှိခဲ့သည်။

နိုင်း မြစ်ဝှမ်း ဒေသ အနီး တည်ရှိသည့် အဆိုပါ မြို့တော်ဟောင်းအား ဩစတြီးယား နိုင်ငံမှ သိပ္ပံ ပညာရှင်များက ရှာဖွေ နိုင်ခဲ့ခြင်း ဖြစ်ကြောင်း အီဂျစ် ယဥ်ကျေးမှု ဝန်ကြီး ဌာနက ဆိုသည်။ ဆိပ်ကမ်း တစ်ခု၊ အဆောက်အအုံများ၊ ဘုရားကျောင်းများ ပါဝင်သည့် ယင်း မြို့ဟောင်းမှာ လွန်ခဲ့သော နှစ်ပေါင်း (၃၅၀၀) ကျော်က အီဂျစ်ကို အုပ်စိုးခဲ့သည့် ဟစ်ဆော့ မင်းဆက် တည်ထောင်ခဲ့သော အာဗားရစ် မြို့တော် ဖြစ်နိုင်ကြောင်း သုတေသန အဖွဲ့ခေါင်းဆောင် အီရီနာမူလားက ပြောကြား ခဲ့သည်။ လမ်းများ၊ အိမ်များ၏ ပုံရိပ်ကို ခေတ်မီရေဒါ အကူအညီဖြင့် ဖော်ထုတ် နိုင်ခဲ့ကြောင်း ဒေါက်တာအီရီနာက ရှင်းပြ ခဲ့သည်။

မြေအောက်တွင် နစ်မြုပ်နေသော မြို့တော်ဟောင်းသည် အာရှတိုက်မှ ဟစ်ဆော့ ဘုရင်များ အီဂျစ်သို့ နယ်ချဲ့ သိမ်းပိုက်ကာ နွေရာသီ စံပျော်ရာ မြို့တော် အဖြစ် တည်ထောင်ခဲ့သည့် အာဗားရစ် ဖြစ်နိုင်ရန် အတော်လေး သေချာကြောင်း ပညာရှင်များက ယုံကြည် နေကြသည်။ ယင်း မြို့တော်ဟောင်း၏ အလယ်တွင် နိုင်းမြစ်၏ ချောင်းလက်တက် တစ်ခု ဖြတ်သန်း စီးဆင်းသွားပြီး ကျွန်းငယ် နှစ်ခုလည်း ရှိခဲ့ဟန်တူကြောင်း အီရီနာက ပြောကြားခဲ့သည်။ ဟစ်ဆော့တို့သည် အီဂျစ်တွင် ဘီစီ(၁၆၆၄)မှ ဘီစီ(၁၅၆၉)ထိ အုပ်စိုးခဲ့ကြောင်း သမိုင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here