​အ​ဆို​တော်​ရှာ​ကီ​ရာ​ ​လက်​ထပ်ရန်​ အ​စီ​အ​စဥ်​ ​မ​ရှိ​သေး

alt

အဆိုတော် ရှာကီရာက ၎င်း အနေနှင့် အလျင်စလို လက်ထပ်ရန် အစီအစဥ် မရှိသေးကြောင်း ပြောကြား လိုက်သည်။ Hips Don’t Lie အဆိုတော် ရှာကီယာက

သူမနှင့် စေ့စပ်ထားသော အန်တိုနီယို ဒီလာရူနှင့် လက်ထပ် တော့မည် ဆိုသော သတင်းများအား ငြင်းဆန် လိုက်သည်။ (၄) နှစ်လုံးလုံး တွဲလာသည့် အန်တိုနီယိုနှင့် လက်ထပ်ရန် အစီအစဥ် လုံးဝ မရှိ သေးပါဟု ကမ္ဘာ့ဖလား ဘောလုံးပွဲ အဖွင့် သီချင်း Waka Waka ကို သီဆိုခဲ့သည့် ရှာကီရာကဆိုသည်။

သူမအနေနှင့် အန်တိုနီယို၏ ဇနီးမယား ဖြစ်ရခြင်းထက် ချစ်သူဖြစ်နေရခြင်းမှာ ပို၍Romanticဆန်သည်ဟု ခံယူထားကြောင်း၊ ယခုလက်ရှိ အခြေအနေအရလည်း အန်တိုနီယိုကို သူမပိုင်ဆိုင်ထားပြီးဖြစ်သည်ဟု ယုံကြည်ကြောင်း ရှာကီယာက ပြောကြားခဲ့သည်။ အသက်(၃၃)နှစ်ရှိ ရှာကီယာက သူမသည် ကလေးယူရန် အစီအစဥ် ရှိသော်လည်း လက်ရှိတွင်မူ ဖြစ်မလာနိုင်သေးကြောင်း ဗြိတိန် News of the Worldသတင်းဌာနသို့ ပြောကြားခဲ့သည်။ ရှာကီရာသည် သူမနှင့် အန်တိုနီယိုတို့ အာဂျင်တီးနားနိုင်ငံ၊ စားသောက်ဆိုင်တစ်ခုတွင် စတွေ့သည့် အဖြစ်အား မကြာခဏ ပြန်လည်ပြောပြလေ့ရှိသည်။

ကိုလံဘီယာသူ ရှာကီယာက ထိုစဥ်အချိန်တွင် အန်တိုနီယိုအား ပထမဆုံး တွေ့မြင်လိုက်သည်နှင့် ထိုအမျိုးသားသည် သူမဘဝတွင် ထာဝရ လက်တွဲသွားရမည့်သူဟု ဆုံးဖြတ်ပြီး ဖြစ်သွားကြောင်း ဂုဏ်ယူစွာ ပြောကြားခဲ့ပြီး အန်တိုနီယိုနှင့် တွေ့ဆုံခွင့် ရခဲ့ခြင်းသည် သူမအတွက် ထီပေါက်သည်ထက် ကံထူးသောအရာဖြစ်ကြောင်းလည်း ဂုဏ်ယူစွာ ပြောဆိုဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here