အစ္စရေး​ လေတပ်​ စစ်လေယာဉ်များ ဆော်ဒီအာရေဗျတွင် အကြိမ်ကြိမ်​ ဆင်းသက်ခဲ့ဟု အီရန်စွပ်စွဲ

alt

အစ္စရေး လေတပ်မှ စစ်​ လေယာဥ်များသည် ဆော်ဒီ​ အာရေဗျတွင် ပြီးခဲ့သည့် သီတင်းပါတ်က အကြိမ်ကြိမ် အတက်​ အဆင်း ပြုလုပ်​ ခဲ့ကြောင်း အီရန်က စွပ်စွဲ ပြောကြား လိုက်သည်။

ဇွန်လ(၂၃)ရက်နေ့တွင် အီရန်​ တိုင်းမ် သတင်းစာက ဆော်ဒီသည် အ​စ္စ​လမ်​ နိုင်ငံ​ တစ်ခုအား အစ္စရေးက စစ်တိုက်ရန် ပြင်ဆင်​ နေခြင်း​ အပေါ် အပြည့်အဝ ကူညီနေကြောင်း ရေးသား​ ဖော်ပြခဲ့သည်။ ယင်းသတင်းစာက ဆော်ဒီ​ အနောက်​ မြောက်ပိုင်းရှိ တာဘက်မြို့ လေဆိပ်တွင် အစ္စရေး လေယာဥ်များ အတက်အဆင်း ပြုလုပ်ခဲ့ပြီး အီရန်အား တိုက်ခိုက်မည့် အလားအလာများ ရှိနေ​ ပြီဟုဆိုသည်။

အီရန်သည် အစ္စရေးက မိမိတို့အား တိုက်ခိုက်လာချိန်တွင် ဆော်ဒီက ၎င်း၏​ ဝေဟင်ပိုင်နက်အား အသုံးချ​ ခွင့်ပေးရန် သဘောတူထားကြောင်း ယခင်​ ကလည်း​ တစ်ကြိမ် စွပ်စွဲခဲ့သေးသည်။ အီရန်သည် နိုင်ငံတကာမှ ဖိအား​​ပေး​ တားမြစ်နေသည့်ကြားမှ နျူကလီးယား လက်နက်များ ထုတ်လုပ်ရန် ရည်ရွယ်​ ဆောင်ရွက်​ နေခြင်းကြောင့် အစ္စရေးက အချိန်မရွေး တိုက်ခိုက်လာနိုင်သည့် အနေအထားနှင့် ကြံုနေရသည်။ ထို့အပြင် ဆော်ဒီမှာလည်း အီရန်တွင် နျူကလီးယား ပိုင်ဆိုင်​ လာပါက ဒေသတွင်း ခြိမ်းခြောက်မှုကို ခံရဖွယ်​ ရှိသောကြောင့် အစ္စရေးကို ကူညီ​ သွားဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်​ လျက်ရှိသည်။

ဆော်ဒီကမူ အစ္စရေးအား လေကြောင်းပိုင်နက် ဖြတ်ကျော်ခွင့်ပေးရန် သဘောတူထားသည်ဆိုသော သတင်းများအား ငြင်းဆန်ထားသည်။ ယင်းသတင်းသည် လန်ဒန်အခြေစိုက် Timeမဂ္ဂဇင်းက ရီယက်မြို့ရှိ ဆော်ဒီအစိုးရသည် မိမိ၏ လေပိုင်နက်အတွင်း အစ္စရေး လေယာဥ်များ ဖြတ်ကျော်နိုင်မည့် ကန့်သတ်ထားသော ကျဥ်းမြောင်းသည့် လေကြောင်းလမ်းတစ်ခု ခွင့်ပြုပေးရန် မီးစိမ်းပြလိုက်ပြီဟူသော ခန့်မှန်းဖော်ပြချက်နောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here