​ညစ်​ညမ်းဝက်ဘ်​ဆိုက်​များ​အ​တွက်​ ​ဒို​မိန်း​အ​မည်​ ​သတ်​မှတ်​မည်

alt

နိုင်ငံတကာမှ အင်တာနက်သို့ လွှင့်တင်​ ထားသည့် ညစ်ညမ်း​ ​ ဝက်ဆိုက် အားလုံး​ အတွက် သီးသန့်​ ဒိုမိန်းအမည် သတ်မှတ်​ ပေးတော့မည်ဟု အင်တာနက် အမည်နှင့် အရေအတွက် သတ်မှတ်ရေး ကော်ပိုရေးရှင်း (ICANN)က အတည်ပြု ကြေညာလိုက်သည်။

ထို့ကြောင့် .com၊ .co.uk၊ .co.au​ စသည်ဖြင့် ဒိုမိန်းမျိုးစုံ ရှိနေသော ညစ်ညမ်း​ ဝက်ဆိုက်များ အားလုံးသည် .xxx​ ကိုသာ သုံးစွဲ​ ရတော့မည်ဖြစ်သည်။ အင်တာနက် ညစ်ညမ်းပုံရိပ် တိုက်ဖျက်ရေး ရည်ရွယ်ချက်အရ ယခု​ သတ်မှတ်ချက်အား စီစဥ်ခဲ့သော်လည်း ကလေးငယ်များအနေနှင့် အဆိုပါ ဝက်ဆိုက်များကို အလွယ်တကူ ရွေးချယ်နိုင်စေရန် လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်နိုင်ကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်​ လျက်ရှိသည်။

ICANNကမူ ဝက်ဆိုက်များတွင် လူငယ်များအား သတိပေးတားမြစ်သည့် မူဝါဒများ ပါရှိ​ နေသည့်အတွက် လုံလောက်သည့် တားဆီးမှု ဖြစ်စေကြောင်း ပြောကြားထားသည်။ ICANN​ က .xxx​ ဒိုမန်း​ အမည်အတွက် တစ်နှစ်​ မှတ်ပုံတင်ကြေး ဒေါ်လာ​ (၆၀)​ မျှ ကျသင့်မည်ဟုဆိုသည်။ ဗြိတိန်နိုင်ငံကမူ ၎င်းတို့၏ ညစ်ညမ်း​ ဝက်ဆိုက်များအား (၂၀၁၁)​ နောက်ဆုံးထားက ဒိုမိန်း​ အမည်ပြောင်းရန် ဖိအား​ ပေးထားသည်။ စစ်တမ်းများ​ အရ အင်တာနက်ပေါ်တွင် လွှင့်တင်ထားသည့် ညစ်ညမ်း​ ဝက်ဆိုက် စုစုပေါင်း အရေအတွက်မှာ သန်းပေါင်း​ (၃၂၀)​ ကျော်ထိ​ ရှိကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here