​က​မ္ဘာ့​ဘော​လုံး​ အ​ဖွဲ့​ချုပ်​အား​ Goal​ Line​ ​နည်း​ပ​ညာ​ ​အ​သုံး​ပြု​ရန်​ ​ကာ​ပယ်​လို​နှင့်​ လမ်း​ပတ်​ တောင်း​ဆို​

alt

အင်္ဂလန်လက်ရွေးစင် ဘောလုံး အသင်း နည်းပြ ဖေဘီယို ကာပယ်လိုနှင့် ကွင်းလယ်လူ ဖရန့် လမ်းပတ်တို့က ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (FIFA)အား Goal Line နည်းပညာ စတင် အသုံးပြုရန် ပြင်းပြင်းထန်ထန် တောင်းဆို လိုက်သည်။

ဇွန်လ (၂၇) ရက်နေ့က အင်္ဂလန်နှင့် ဂျာမနီတို့ ကမ္ဘာ့ဖလား ရှုံးထွက် အဆင့်တွင် တွေ့ဆုံခဲ့ရာ အင်္ဂလန် အသင်းမှ လမ်းပတ် ကန်သွင်းသော ဘောလုံး ဂိုးဝင် သွားပြီးမှ ပြန်ထွက် လာသော်လည်း ဒိုင်ဖြစ်သူက ဂိုးမပေး ခဲ့သည့်အတွက် အင်္ဂလန်တို့ အကြီးအကျယ် နစ်နာခဲ့ရသည်။ ထိုအချိန်တွင် အင်္ဂလန်မှာ (၂-၁)ဖြင့် ရှုံးနိမ့် လျက်ရှိရာ ယင်းဂိုးသာ ရခဲ့ပါက စိတ်ဓာတ်ပိုင်း အသာစီး ရလာဖွယ် ရှိနေသည်။ သို့သော်လည်း ဂိုးမရ သဖြင့် အင်္ဂလန် တစ်သင်းလုံး တိုက်စစ်တွင် အလွန်အကျွံ လိုက်ပါကာ ချေပဂိုး ရရှိရန် ကြိုးစားခဲ့ရပြီး ထိုအမှားကို အခွင့်ကောင်းယူကာ ဂျာမနီက တန်ပြန်  တိုက်စစ်မှတဆင့် (၂) ဂိုးထပ်သွင်းကာ (၄-၁)ဖြင့် အနိုင်ယူသွားခဲ့သည်။

အစဥ်အလာအရ အလွန်ခါးသီးသော ပြိုင်ဖက်များ တွေ့ဆုံစဥ် ဖြစ်ပေါ်ခဲ့သည့် ဆိုးရွားလှသော အမှားကြောင့် နည်းပညာသစ်များ အသုံးပြုရန် ခေါင်းမာမာ ငြင်းဆန်နေသော FIFA ကို ကာပယ်လိုက ပြင်းပြင်း ထန်ထန် ဝေဖန်လိုက်သည်။ လမ်းပတ်၏ ဘောလုံးသည် ရှင်းရှင်း လင်းလင်း ဂိုးဝင်သွားကြောင်း၊ (၂-၂) ဖြင့် သရေကျ နေမည့် အားထုတ်မှုမှာ ငြင်းဆန် ခံလိုက်ရကြောင်း၊ ယခုအခါ အရာအားလုံး ဆုံးရှုံးမှုဖြင့် ပြီးဆုံးသွားပြီဖြစ်ကြောင်း ကာပယ်လိုက သတင်းထောက်များအား ဒေါသတကြီး ပြောကြားခဲ့သည်။

နည်းပညာဖြင့် စီစစ်မှုများ ပြုလုပ်ရန် တောင်းဆိုမှုများအား မျက်ကွယ်ပြုနေသည့် FIFA ၏ လုပ်ရပ်မှာ မယုံ နိုင်စရာပင်ဖြစ်ကြောင်း၊ ယင်းနည်းပညာသည် ဂိုးဝင်​ မဝင် အဆုံးအဖြတ်ပေးရုံသာဖြစ်ပြီး လူသားတစ်ဦးဖြစ်သော ကွင်းလယ် ဒိုင်ထက် ပိုအရေး ပါလာနိုင်သည်ဆိုသည့် FIFA ၏ အကြောင်းပြချက်မှာ လက်မခံ နိုင်စရာ ဖြစ်ကြောင်း အီတလီသား နည်းပြကြီးက ပြောဆိုသွားသည်။ ကွင်းလယ်လူ လမ်းပတ်ကလည်း ဂိုးဝင်သွားပါက အချက်ပြပေးသည့် Goal Line နည်းပညာကို အသုံးပြုပါက ယခုကဲ့သို့ အရှုပ်အထွေးများ ကြံုမလာနိုင်ကြောင်း ဝေဖန် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here