မြန်မာနိုင်ငံကို သွားမယ့် EU အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ ခရီးစဉ်ကို EU ဘက်က ဖျက်သိမ်း

alt

မြန်မာနိုင်ငံ အတွင်းမှာ မကြာခင် ပြုလုပ် တော့မယ့် ရွေးကောက်ပွဲ ကိစ္စတွေ ပြောဆို ဆွေးနွေးဖို့ အတွက် သွားရောက်မယ့် EU ဥရောပ သမဂ္ဂရဲ့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့၏ မြန်မာနိုင်ငံ သွားရောက်မယ့်

စီစဉ်ထားတဲ့ ခရီးစဉ်ကို EU ဘက်က ဖျက်သိမ်း လိုက်ကြောင်း သိရှိရသည်။ အဆိုပါ ခရီးစဉ်သည် ၂၀၁၀ နှစ်ကုန်ပိုင်းမှာ စတင်မည့် မြန်မာ့နိုင်ငံ ရွေးကောက်ပွဲ အခြေအနေကို စနည်းနာဖို့နဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေး အင်အားစု အားလုံး ပါဝင်နိုင်ရေး ကိစ္စတွေကို မြန်မာ စစ်​ အာဏာပိုင်များနှင့် ဆွေးနွေးဖို့​ အတွက် EU အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံကို သွားရောက်ဖို့​ အတွက် ရန်ကုန် အခြေစိုက် ဂျာမန် သံရုံးက စီစဉ်ခဲ့တာ ဖြစ်သည်။

EU ဥရောပ​ သမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဖာဆီနို (Piero Fassino) မြန်မာ​ နိုင်ငံကို ထပ်မံ သွားရောက်ဖို့ကိစ္စ မအောင်မမြင် ဖြစ်နေတဲ့ အချိန်မှာ EU ဘက်က အခုလို အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို သွားဖို့ စီစဉ်ခဲ့တာဖြစ်ပြီး၊ EU ဘက်က တောင်းဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရေးအပြင် အခြားသော အချက်တွေကို မြန်မာ စစ် အာဏာပိုင်တွေဘက်က မလိုက်လျောတာကြောင့် စီစဉ်ထားတဲ့ ခရီးစဉ်တွေ ဖျတ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here