လိင်မှုဆိုင်ရာစွပ်စွဲချက်များကြောင့် ကက်သလစ်​ ဘုရားကျောင်းအား ဘယ်ဂျီယမ်​ ရဲတပ်ဖွဲ့စီးနင်း

alt

လိင်မှုဆိုင်ရာ စွပ်စွဲမှုများ ထွက်ပေါ် လာသည့် အတွက် ဘယ်ဂျီယမ် ရဲတပ်ဖွဲ့သည် ကက်သလစ် ဘုရားကျောင်း တစ်ခုအား ဝင်ရောက် စီးနင်းကာ စုံစမ်းမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ဘရပ်ဆဲရှိ မစ်ချယ်လင်း ဘရပ်ဆဲ ဘုရားကျောင်းအား စုံထောက်များက အတင်း ဝင်ရောက် စီးနင်းကာ ကွန်ပျူတာများ မှတ်တမ်း ဖိုင်များကို သိမ်းယူ သွားကြောင်း ဘုရားကျောင်းမှ တာဝန် ရှိသူများက ဆိုသည်။ ကက်သလစ် ဘုန်းတော်ကြီးများအား လိင်မှု ဆိုင်ရာ နာမည်ပျက်ဖြင့် စွပ်စွဲမှုများ ဥရောပ​ တဝှမ်းတွင် တွင်တွင် ကျယ်ကျယ် ပြန့်နှံ့ လာပြီးနောက် ဘယ်ဂျီယမ်တွင်လည်း ယခု ကဲ့သို့ စီးနင်းမှုများ ပြုလုပ် လာခြင်း ဖြစ်သည်။ ရဲများသည် ဘုန်းတော်ကြီး ဂေါ့ဖရီဒန်နီး၏ နေအိမ် ကိုလည်း ဝင်ရောက် ရှာဖွေကာ ယင်း၏ ကွန်ပျူတာအား သိမ်းဆည်း သွားကြောင်း သိရသည်။ ၎င်းသည် ယခင်က ဘယ်ဂျီယမ်၏ ကက်သလစ် ခရစ်ယာန် ဘာသာရေး အကြီးအကဲ ဖြစ်ခဲ့သော်လည်း ဇန်နဝါရီလက ရာထူးမှ နှုတ်ထွက် ပေးခဲ့ရသည်။

ဘုရားကျောင်းမှ တာဝန်ရှိသူများကမူ စစ်ဆေးရေး အဖွဲ့၏ လုပ်ရပ်များမှာ အလွန် စိတ်ပျက်စရာဖြစ်ပြီး ၎င်းတို့၏ လုပ်ငန်း ဆောင်တာများကို ထိခိုက် စေကြောင်း ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့ကမူ ယခု စွပ်စွဲမှုများနှင့် ပတ်သက်သော တိုင်ကြားမှု ရာနှင့်ချီ ရရှိ ထားကြောင်း ကြေညာ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here