အစာအိမ်အတွင်း အိမ်ရိုက်​ သံများရောက်ရှိနေသည့် တရုတ်​ ခလေး

alt

တရုတ်နိုင်ငံမှ ဆရာဝန်များသည် အစာအိမ်​ အတွင်း အိမ်ရိုက်​ သံချောင်းများ ရောက်နေသည့် ကလေးငယ် တစ်ဦးကြောင့် ခေါင်းစား​ နေရကြောင်း သိရသည်။

ယင်း​ (၁၈)​ လ​ အရွယ် မိန်းကလေးသည် သံချောင်း​ များကို မြိုချ​ ခဲ့သည့် အထောက်အထားမျိုး လုံးဝ​ မရှိဘဲ အစာအိမ်ထဲတွင် အပ်ချောင်းများ ထွက်ပေါ်​ လာနေခြင်းဟု​ ဆိုသည်။ ရှန်ဇီးရှိ ယူလီ​ ကလေး ဆေးရုံမှ ဆရာဝန်များသည် ပြီးခဲ့သော​ လက သူမ​ ဝမ်းသွားရာမှ သံချောင်း​ (၂၁)​ ချောင်းနှင့် စတီး​ ပင်တစ်ချောင်းကို တွေ့ရှိခဲ့ပြီးနောက် ကလေးမလေး၏ အစာအိမ်ကို ဓာတ်မှန်​ ရိုက်ကြည့်သည့်​ အခါ သံချောင်းများအား ထပ်မံ​ တွေ့ရှိ​ ခဲ့ခြင်း​ ဖြစ်သည်။ ထိုအတောအတွင်း ကလေးမလေးသည် သံချောင်းများကို မြိုချခဲ့ခြင်း မရှိဟုလည်း ဆရာဝန်များက​ ဆိုသည်။ သို့သော်လည်း သူမ၏ အစာအိမ်ထဲတွင် သံချောင်းများ နေ့စဥ်​ ထွက်နေပေါ်နေရာ ဆရာဝန်များ​ အတွက် မကြံတတ်အောင် ဖြစ်နေရသည်။

ဆေးရုံအုပ် ဒေါက်တာဟီဘိုက ယခုကိစ္စသည် အလွန်အံ့ဩစရာကောင်းကြောင်း ဝန်ခံပြောဆိုခဲ့ပြီး ကလေးမလေး အညစ်အကြေးစွန့်ရာတွင် ပါလာသည့် သံချောင်းလေးချောင်းနှင့် စတီးပင် တစ်ချောင်းတို့အား သတင်းထောက်များထံ ပြသခဲ့သည်။ ၎င်းက ကလေးများသည် မီးသွေး၊ ဖန်ပုလင်းကွဲတို့ကဲ့သို့ အန္တရာယ်ရှိသော အရာများကို ကောက်ယူမြိုချတတ်သော်လည်း ယခုကလေးမလေးမှာမူ သံချောင်းများနှင့် နီးနီးနားနားတွင် ရှိမနေသည်မှာ သေချာကြောင်း ပြောကြားသွားသည်။ ဆရာဝန်များသည် ကလေးမလေးအား ဆေးရုံသီးသန့်ခန်းတွင် ထားရှိပြီး သူမအနီးသို့ သံချောင်းများနှင့် အခြားအန္တရာယ်ရှိသောပစ္စည်းများကို လုံးဝယူဆောင်ခွင့်မပြုဘဲ တားမြစ်ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here