Pop ဂီတဘုရင်ကြီး မိုက်ကယ်ဂျက်ဆင် ကွယ်လွန်မှု တစ်နှစ်ပြည့်

alt

Popဂီတ ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင် ကွယ်လွန်မှု တစ်နှစ်ပြည့် အခမ်းအနားအဖြစ် ဂျက်ဆင်၏ ပရိသတ်များ စုရုံးကာ ၎င်းအား ဂါရဝပြု နှုတ်ဆက်မှုများ ပြုလုပ်ခဲ့​ကြောင်း သိရသည်။

အသက်​ (၅၀)​ အရွယ်တွင် ဆေးဝါး Overdose ဖြစ်မှုကြောင့် (၂၀၀၉)​ ခုနှစ်၊ ဇွန်လ​ (၂၅)​ ရက်နေ့က လော့စ်အိန်ဂျယ်လိစ်တွင် ကွယ်လွန်ခဲ့သော ဂျက်ဆင်အား မြှုပ်နှံထားသည့် Forest Lawn သင်္ချိုင်းမြေသို့ ပရိသတ်များ စုရုံး​ သွားရောက်ကာ ပြင်ဆင်ခဲ့​​ကြ​ခြင်း​​ဖြစ်သည်။ လော့စ်အိန်ဂျယ်လိစ် ရဲတပ်ဖွဲ့သည် ထောင်နှင့်ချီ များပြားနိုင်သည့် ဂျက်ဆင့်ပရိသတ်များကြောင့် တစုံတရာ ရုတ်ရုတ်သဲသဲ ကိစ္စမျိုး ဖြစ်ပွားမည်ကို စိုးရိမ်ခဲ့​ရာ ဂျက်ဆင်၏ မိသားစု​ နေအိမ်နှင့် Forest Lawn​ တို့ အနီးတွင် လုံခြံုရေးအင်အား တိုးမြှင့်ထားခဲ့​သည်။ ဂျက်ဆင်၏ မိသားစုသည်လည်း သီးသန့်ဝမ်းနည်းကြေကွဲမှု အခမ်းအနားတစ်ရပ် ကျင်းပရန် ပြင်ဆင်ထားခဲ့​ပြီး Thriller​ အဆိုတော်၏ ပရိသတ်များက အင်ဆီနိုတွင် ပြုလုပ်မည့် အဆိုပါ​ အခမ်းအနားသို့ အတင်း​ ဝင်ရောက်လာခဲ့​​ သည့်အတွက် ယခုလို လုံခြံုရေးအင်အား တိုးမြှင့်ထားခြင်းဖြစ်သည်။ အမေရိကန်တွင်သာမက ကမ္ဘာ့နိုင်ငံ အတော်များများတွင်လည်း ဂျက်ဆင်သေဆုံးမှု တစ်နှစ်ပြည့် အောက်မေ့မှု အခမ်းအနားကို ကျင်းပရန် စီစဥ်ခဲ့​​ကြသည်။ ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင် ဂျက်ဆင်၏ပရိသတ်များသည် နှစ်ပတ်လည် ကြေကွဲမှု သီးသန့်​ အခမ်းအနား တစ်ခုအတွက် လက်မှတ်များကို တစ်စောင်လျင် ဒေါ်လာ(၁၁၀၀)ဖြင့် ရောင်းချခဲ့​ကြသည်။

ကမ္ဘာပေါ်တွင် အောင်မြင်မှု အကြီးမားဆုံး ဖျော်ဖြေရေး​ သမားအဖြစ် သတ်မှတ်ခံထားရသည့် ဂျက်ဆင်​ ကွယ်လွန်မှုသည် ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော ၎င်း၏​ ပရိသတ်များအား တုန်လှုပ်​ ခြောက်ခြားစေခဲ့သည်။ ဂျက်ဆင်သည် Propofol​ ခေါ် ကန့်သတ်​ ဆေးဝါး​ တစ်မျိုးအား အလွန်အကျွံ ထိုးသွင်းမိရာမှ နှလုံးထိခိုက် သေဆုံးခဲ့ခြင်းဟု ဖော်ထုတ်တွေ့ရှိထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here