ကိုရီးယားကျွန်းဆွယ်စစ်ပွဲ နှစ်ပတ်လည်အခမ်းအနား တောင်ကိုရီးယား​ ကျင်းပ

alt

တောင်ကိုရီးယား​ နိုင်ငံသည် ဇွန်လ​ (၂၅)​ ရက်နေ့က တောင်နှင့်​ မြောက် ကိုရီးယား နှစ်နိုင်ငံ ကွဲသွား​ စေခဲ့သည့် ကိုရီးယား​ ကျွန်းဆွယ်​ စစ်ပွဲ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား​ တစ်ခုအား ကျင်းပ​ ပြုလုပ်ခဲ့သည်။

ယင်းစစ်ပွဲ စတင်သည့်နေ့ နှစ်ပေါင်း(၆၀)တင်းတင်း ပြည့်မြောက်ချိန်တွင် ယခုအချိန်ထိ နိုင်ငံရေးအမြင် ကွဲပြားစွာဖြင့် ရန်သူများသဖွယ် ရပ်တည်​ နေဆဲ​ ဖြစ်သည့် နှစ်​ နိုင်ငံကြား တင်းမာမှုကို လျေ့ာနည်းစေရန် ရည်ရွယ်ကာ ယခု​ အခမ်းအနားကို ဆိုးမြို့တော်တွင် ကျင်းပခြင်း​ ဖြစ်သည်။ စစ်ပွဲသည် (၁၉၅၀)ပြည့်နှစ်၊ ဇွန်လ(၂၅)ရက်နေ့၊ နံနက်​ အစောပိုင်းတွင် စတင်​ ခဲ့ခြင်းဖြစ်သည်။ စစ်ပွဲတွင် အမေရိကန်နှင့် မဟာမိတ်(၁၅)နိုင်ငံသည် တောင်ကိုရီးယားဖက်မှ ကူညီတိုက်ခိုက်ခဲ့ပြီး တရုတ်နိုင်ငံက မြောက်ပိုင်းကွန်မြူနစ် နိုင်ငံအား အကြီးအကျယ် ထောက်ပံ့အားပေးခဲ့သည်။ (၃)နှစ်ကြာခဲ့သော စစ်ပွဲသည် အရှုံးအနိုင် အဖြေမပေါ်ဘဲ ပြီးဆုံးခဲ့ပြီး ကိုရီးယားသည်လည်း ယခုတိုင် နှစ်ခြမ်းကွဲနေသော နိုင်ငံနှစ်ခုအဖြစ် ဆက်လက်တည်ရှိနေခဲ့သည်။

တောင်ကိုရီးယား သမ္မတလီမြောင်ဘက်သည် ယခုနှစ်ပတ်လည် အခမ်းအနားသို့ တတက်ရောက်ခဲ့ပြီး မြောက်ကိုရီးယား၏ အမြောက်သံကြောင့် ငြိမ်းချမ်းစွာ အိပ်စက်နေခဲ့သည့် ပြည်သူများ အိပ်မက်ဆိုး စတင်ကြံုတွေ့ခဲ့ရသည့် အခိုက်အတန့်မှာ ယခုအခါ နှစ်ပေါင်း(၆၀) ပြည့်မြောက်ခဲ့ပြီဟု ၎င်း၏မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသွားသည်။ တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံသည် မတ်လအတွင်းက မြောက်ကိုရီးယား တော်ပီဒိုကြောင့်ဟု ယူဆရသည့် တောင်ကိုရီးယား စစ်သင်္ဘော Cheonan နစ်မြုပ်မှုကြောင့် ယခုလက်ရှိ အခြေအနေအရ တင်းမာမှု အမြင့်မားဆုံး အနေအထားတွင် ရှိနေကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here