​​ယော​ကျ်ား​တို့​၏​ ​လိင်​တံ​နှင့်​​ ဆင်​တူ​သည့်​ ​တ​ရုတ်​နိုင်ငံ​မှ​ကြက်ဥ

alt

တရုတ်နိုင်ငံတွင် ရှားရှားပါးပါး ယောက်ျား​ တစ်ဦး၏ လိင်တံနှင့် ဆင်တူသော ကြက်ဥ​ တစ်လုံးအား တွေ့ရှိခဲ့ကြောင်း သိရသည်။ ရုတ်တရက် ကြည့်ပါက ယင်းပုံစံမျိုး

ထင်စရာ ရှိသော်လည်း အမှန်တကယ်မှာ ယင်းသည် ပုံသဏ္ဍန် မမှန်သော ကြက်ဥ​ တစ်လုံးသာ​  ဖြစ်ကြောင်း အန်ဟွိုင်​ ဒေသရှိ ယင်း​ ကြက်ဥအား တွေ့ရှိ​ ခဲ့သည့် ကြက်ခြံ​ ပိုင်ရှင်က ပြောကြား​ ခဲ့သည်။

သို့သော်လည်း ယင်းကြက်ဥမှာ ပြုတ်လျင်​ ဖြစ်စေ၊ ကြော်လျင်​  ဖြစ်စေ တည်ခင်း​ ဧည့်ခံ ကျွေးမွေးရန် ခက်ခဲမည်မှာ အသေအချာပင်​ ဖြစ်သည်။ ကြက်ဥ၏ ပုံစံသည် ခပ်ကွေးကွေး၊ ခပ်သွယ်သွယ်ဖြင့် ငှက်ပျောသီး တစ်လုံးနှင့်လည်း ခပ်ဆင်ဆင် တူနေသည်။

ပုံသဏ္ဍန်​ မမှန်သော ကြက်ဥ၊ ငှက်ဥများသည် ကမ္ဘာ​ တဝှမ်းတွင် မကြာခဏ တွေ့ရ​ လေ့ရှိသော်လည်း ယခု​ ပုံစံမှာမူ ခပ်ရှားရှားပင်​ ဖြစ်သည်။ ကြက်ဥများ ပုံသဏ္ဍန်​ မမှန်ဘဲ ဖြစ်ရခြင်းမှာ ကြက်မများ အဝပ်​ နောက်ကျခြင်း၊ ဝပ်ချိန်​ ကြာလွန်းခြင်း စသည်တို့ကြောင့်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here