အမေရိကန်​ အဆိုတော်​ မာရေးကာရီ တရားစွဲဆိုခံထားရ

alt

အမေရိကန် နာမည်ကျော် အဆိုတော် မာရေးကာရီအား တိရစ္ဆာန်​ ဆေးကု ဆရာဝန်​ တစ်ဦးက တရား​ စွဲဆို​ ထားကြောင်း သိရသည်။ မက်ဟမ်တန် တရားရုံးသို့ ဦးတိုက်ကာ

ဒေါက်တာ​ ဆင်ဒီဘရက်စလာက ကာရီထံမှ ဒေါ်လာ​ (၃၇၈၀၀) ရရှိလိုကြောင်း လျှောက်ထား​ တောင်းဆို​ လိုက်သည်။ ဘရက်စလာ၏​ ရှေ့နေ မိုက်ကယ်ပို့စနာက ဂရမ်မီ​ ဆုရှင် အဆိုတော်သည် သူမ၏ ပြိုင်ပွဲ​ စုံတွင် ဆု​ ရထားသည့် ခွေးကလေး​ (၃)​ ကောင်အား ပြုစု​ စောင့်ရှောက်မှု ပေးခဲ့သည့်​ အတွက် ပေးချေ​ ရမည့် ဝန်ဆောင်ခ​ အတွက် ပျက်ကွက်​ ခဲ့ကြောင်း စွပ်စွဲ​ ခဲ့သည်။

ကာရီသည် သူမ၏ ခွေးလေးများ​ အတွက် အလွန်​ ဂုဏ်ယူ​ လေ့ရှိသူဖြစ်ပြီး Twitter​ မှတဆင့် ခွေးလေးများ​ အကြောင်း မကြာခဏ ရေးသား​ ဖော်ပြ​ လေ့ရှိသည်။ Pop​ စတား ကာရီဖက်မှမူ ယခု​ ကိစ္စ​ အတွက် တစုံတရာ မှတ်ချက်ပေးမှု မရှိသေးပေ။ ဒေါက်တာ​ ဘရက်စလာက ခွေးလေးများအား ကျန်းမာရေး စောင့်ရှောက်မှု​ အတွက် ဆေးဖိုး​ ဝါးခကို အပြည့်အဝ ရယူလိုကြောင်း ပြောကြား​ ထားသည်။

နယူးယောက်မြို့ တရားရေးဌာနသည် ဇွန်လ​ (၂၃)​ ရက်နေ့က လျှောက်ထားခဲ့သည့် ဆရာဝန်၏ တရားစွဲမှုကို လက်ခံ​ ပေးထားပြီး ကာရီအား ယခု​ ကိစ္စ​ အတွက် ဖြေရှင်းချက်ပေးရန် email​ ဖြင့် အကြောင်းကြားစာ ပေးပို့​ ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here