လူ့အခွင့်​ အရေးချိုးဖောက်မှု စုံစမ်းရေး ကုလသမဂ္ဂ​ တာဝန်ရှိသူများအား သီရိလင်္ကာ​ တားဆီးပိတ်ပင်

alt

သီရိလင်္ကာ အစိုးရသည် တမီကျား သူပုန်များအား နှိမ်နင်း တိုက်ခိုက်စဉ်က လူ့​ အခွင့်အရေး ချိုးဖောက်သော စစ် ရာဇဝတ်မှုများ ရှိခဲ့သည် ဆိုသော စွပ်စွဲချက်များ အတွက်

လာရောက် စုံစမ်းခွင့်ပြုရန် တောင်းဆို​ ထားသော ကုလသမဂ္ဂ တာဝန်ရှိသူများအား ပိတ်ပင် တားဆီး လိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် မေလက အစိုးရ အဆက်ဆက်ကို ဆယ်စုနှစ်​ များစွာ ဆန့်ကျင်ခဲ့သည့် တမီတို့အား အပြီးသတ် ထိုးစစ်ဆင် နှိမ်နင်းခဲ့စဉ်က တမီ အရပ်သားများအား စစ်သားများက ရက်စက်စွာ ပြုမူခဲ့သည်ဆိုသော စွပ်စွဲချက်များ အပေါ် ကုလသမဂ္ဂက ဖော်ထုတ် စုံစမ်းခွင့်ပေးရန် တောင်းဆို ခဲ့ခြင်းဖြစ်ပြီး ယင်းကို အစိုးရက ပယ်ချ လိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဂါမီနီလက်ရှမန်ပီရစ်က သတင်းထောက်များအား ပြောကြားခဲ့သည်။ ကုလသမဂ္ဂ စစ်ဆေးရေး အဖွဲ့အတွက် ဗီဇာ ခွင့်မပြုသလို တိုင်းပြည်ထဲသို့လည်း ဝင်ရောက်ခွင့် မပေးကြောင်း ဂါမီနီကဆိုသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက ကုလ သမဂ္ဂ၏ စုံစမ်းမှုများကို သီရိလင်္ကာ အနေနှင့် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း အကြံပြုထားသော်လည်း ဂါမီနီက ယင်းကိစ္စသည် လုံးဝ မလိုအပ်ကြောင်း ငြင်းဆိုသွားသည်။ အစိုးရသည် ယင်းစွပ်စွဲမှုများအတွက် ကိုယ်တိုင် ကိုယ်ကျ လွတ်လပ်ပွင့်လင်းသော ကိုင်တွယ် ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။ ကုလသမဂ္ဂသည် မြောက်ကိုရီးယားအတွက် သတ်မှတ်ထားသည့် အထူး ကိုယ်စားလှယ်ဖြစ်သူ အင်ဒိုနီးရှား နိုင်ငံသား မာဇူကီ ဒါရူစမန် ဦးဆောင်သည့် အဖွဲ့အား သီရိလင်္ကာသို့ စေလွှတ်ရန် အဆိုပြု ခဲ့သော်လည်း သီရိလင်္ကာ အဆိုရက ယခုလို ပယ်ချ လိုက်ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here