ဦး​နှောက်​တစ်​ခု​တည်း​ဖြင့်​ ​အ​သက်​ရှင်​နေ​ရ​သည့်​ ​အ​မွှာ​ညီ​အစ်​မ

alt

တက်တီယာနာနှင့် ခရစ်ဆာဟော့ဂန်တို့ ညီအစ်မ​ နှစ်ဦးသည် ဦးနှောက်​ တစ်ခုထဲဖြင့် အသက်ရှင်​ နေရရှာသူများ ဖြစ်ကြသည်။ သူမတို့ နှစ်ဦးသည် မွေးကတည်းက ခေါင်းချင်းဆက်​ အဖြစ် မွေးဖွား​ လာခဲ့ပြီး

ဦးနှောက်တစ်ခုထဲကို မျှဝေ​ သုံးစွဲနေကြရသည်။ ပညာရှင်များက သူမတို့နှစ်ဦးအား သီးသန့်​ ခွဲခြားပေးရန် မဖြစ်​ နိုင်ကြောင်း ဝန်ခံ​ ထားကြသဖြင့် ညီအစ်မ နှစ်ဦးလုံးမှာ (၄)​ နှစ်​ အရွယ် ရောက်ရှိ​ နေသည်​ အထိ ခေါင်းချင်း​ ဆက်လျက် အသက်ရှင်​ နေရဆဲ​ ဖြစ်ပြီး ယခုအခါ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားတွင် နေထိုင်လျက်ရှိသည်။

ဆရာဝန်များက အဆိုပါ ညီအစ်မ၏ ရှင်သန်မှုသည် ဆေးပညာ​ သိပ္ပံအတွက် အလွန်အံ့ဩစရာ ဖြစ်ရကြောင်း ဝန်ခံ​ ထားခဲ့သည်။ သူမတို့ နှစ်ဦးသည် ဦးနှောက်​ တစ်ခုထဲကို မျှဝေ​ သုံးစွဲထားသဖြင့် တစ်ဦး၏​ အတွေးကို တစ်င်္ဦးက သိနေကြောင်းလည်း ကလေးနှစ်ဦး၏ ဦးနှောက်အာရုံကြော ဆရာဝန်​ ဖြစ်သူ ဒေါက်တာဒေါက်ကောချ်ရိန်းက ပြောကြားခဲ့သည်။ ကလေး​ နှစ်ဦး၏ မိခင်ဖြစ်သူ ဖယ်ဆီယာက အတွေးနှစ်ခု တစ်ထပ်ထဲ ကျနေခြင်းသည် သူမတို့အား ထူးခြားသည့် စွမ်းအား​ တစ်မျိုး ဖြစ်ပေါ်​ စေသည်ဟု ယုံကြည်​ မိကြောင်း ပြောဆိုသွားသည်။

ဆရာဝန်များက တက်တီယာနာ၏ နှလုံးသည် ပိုမိုကြီးများပြီး ခရစ်ဆာ၏ သွေးများက သူမ၏ ဦးနှောက်ထဲသို့ ပိုမို​ စီးဝင်ကြောင်း ပြောကြားခဲ့သည်။ ကလေးနှစ်ဦး၏ မိခင်က သူမတို့ မိသားစုသည် ယနေ့အတွက် ရှင်သန်​ နေထိုင်ကြောင်း၊ မနက်ဖြန်ကို မေ့ထားပြီး ကလေး​ နှစ်ဦးအနေနှင့် ပျော်ပျော်ရွှင်ရွှင်ဖြင့်သာ ဘဝကို ဖြတ်သန်း​ သွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here