မန်စီးတီမှခေါ်ယူလိုသဖြင့် ရိုးမာတိုက်စစ်မှူးမာကိုဗူချီနစ် ကျေနပ်နေ

alt

အီတလီစီးရီးအေကလပ် ရိုးမားမှ တိုက်စစ်မှူး မာကိုဗူချီနစ်က ၎င်းအား မန်ချက်စတာ စီးတီးက အလိုရှိနေသည်ဆိုသော သတင်းများ အပေါ် စိတ်လှုပ်ရှား ပျော်ရွှင်မိကြောင်း ဝန်ခံ ပြောဆို လိုက်သည်။

စီးတီး၏ အီတလီသား နည်းပြကြီး ရောဘတ်တို မန်စီနီသည် ရိုးမား၏ ထိုးစစ်ကို အဓိက ဦးဆောင်​ ပေးနေသည့် အသက်​ (၂၆)​ နှစ်အရွယ် ဆာဘီးယား လက်ရွေးစင်အား အလိုရှိ​ နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဗူချီနစ်က​ ၎င်း​ အနေနှင့် အင်္ဂလန် ပရီးမီးယား​ လိဂ်တွင် ကစား​ ရမည်ကို သဘော​ ကျကြောင်းနှင့် မန်စီနီ​ ကဲ့သို့၎င်းလေးစားသည့် နည်းပြ​ တစ်ဦး၏ လက်အောက်တွင် ကစားလိုကြောင်း Sky Italia အားကစား သတင်းဌာန​ သို့ ပြောကြားခဲ့သည်။

ပရော်ဖက်ရှင်နယ် ဘောလုံးလောကတွင် အနာဂါတ်ဆိုသည်မှာ သေချာသော အရာ​ မဟုတ်ကြောင်း၊ စီးတီး​ အနေနှင့် မည်ကဲ့သို့ လှုပ်ရှားမည်ကို မသိသေးသည့်​ အချိန်တွင် ရိုးမား​ အတွက်သာ အပြည့်အဝ အာရုံ​ စိုက်ထားမည်​ ဖြစ်ကြောင်း ဗူချီနစ်က​ ဆိုသည်။ ထို့အပြင် ရိုးမားကို စွန့်ခွာရန်ဆိုသော ကိစ္စမှာ လက်တွေ့တွင် ခက်ခဲကြောင်းလည်း ဗူချီနစ်က ဝန်ခံခဲ့သည်။

ရိုးမားသည်​ ၎င်း၏ ကစားသမား​ ဘဝတွင် အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်ခဲ့သည့် အသင်းလည်း​ ဖြစ်ကြောင်း၊ အိုလံပီကို ကွင်းကြီးအတွင်း ဟစ်အော်​ အားပေးနေသည့် ပရိသတ်များအားကို ကျောခိုင်းရန်မှာ အလွန်​ ဝန်လေးရမည့် အခြေအနေ​ ဖြစ်ကြောင်း​ ၎င်း​ က ပြောကြား​ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here