အသစ်ထွက်သည့် iPhone 4​ များ လိုင်းပျောက်သွားသည့် ပြဿနာဖြစ်

alt

အသစ်ထုတ်လုပ် ရောင်းချ နေသည့် iPhone 4G​ တွင် လိုင်းပျောက် သွားလေ့ရှိသည့် ကိစ္စနှင့် ပတ်သက်ပြီး Apple​ က ဖုန်း​ အသစ်အား ကိုင်တွယ်မှု ပုံစံပါ ညွှန်ကြား ပေးနေ ရကြောင်း သိရသည်။

ဇွန်လ (၂၄) ရက်နေ့က စတင် ရောင်းချသည့် iPhone အား ဝယ်ယူ အသုံးပြုသူများ​ အနက် ဘယ်လက်ဖြင့် ဖုန်း​ ကိုင်ထားသူ အချို့တို့သည် လိုင်းပျောက်​ နေသည်ကို တွေ့မြင်​ ရပြီးနောက် ဒေါသ​ တကြီး ဝေဖန်မှုများ ပြုလုပ်​ ခဲ့သလို ယင်းကိစ္စအား ဗီဒီယိုဖြင့် မှတ်တမ်းတင်ကာ YouTube ဝက်ဆိုက်တွင် ဒါဇင်​ ပေါင်းများစွာ Upload တင်ခဲ့ကြသည်။ Apple​ က ဖုန်း၏ ဘယ်ဖက် အောက်ထောင့်တွင် လိုင်းဖမ်း​ ယူသည့် အင်တင်နာအား ထည့်သွင်း မြှုပ်နှံထား​ သဖြင့် ယင်းအပိုင်းကို လက်ဖြင့် အုပ်​ မထားမိစေရန် သတိပြု သင့်ကြောင်း အကြံပြု ပြောကြားခဲ့သည်။

ဝေဖန်မှုအချို့ ရှိနေသည့်တိုင် Apple ၏ ဖုန်းအသစ်သည် အကြီးအကျယ် ပွဲဦးထွက် အောင်မြင်နေပြီး လူပေါင်းများစွာတို့သည် iPhone 4 အား ဝယ်ယူနိုင်ရန် Apple စတိုးများရှေ့ ညအိပ်၍ပါ စောင့်ဆိုင်းခဲ့ကြသည်။ Apple သည် iPhone ၏ စတုတ္ထမျိုးဆက်ဖြစ်သည့် iPhone 4 အတွက် အမှာစာပေါင်း ခြောက်သိန်းကျော်ထိ လက်ခံ ရရှိထားပြီးဖြစ်ကာ ဇွန်လ (၂၄) ရက်နေ့တွင် ကမ္ဘာ့မြို့ကြီးများတွင် တရားဝင် စတင် ရောင်းချ ပေးခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here