ဂျာမနီနှင့်ပွဲစဉ် အတွက် အသင့်ရှိ နေမည်ဟု ဝိန်းရွန်နီ ကတိပြု

alt

အင်္ဂလန် လက်ရွေးစင် ဘောလုံး အသင်း၏ တိုက်စစ်မှူး ဝိန်းရူနီက ၎င်းသည် ဂျာမနီနှင့် ယှဥ်ပြိုင်မည့် ကမ္ဘာ့ဖလား ဘောလုံး ပွဲစဥ်တွင် ကြံ့ခိုင်မှု အပြည့်နှင့် အသင့်ရှိ နေမည်ဟု ကတိပြု ပြောကြား လိုက်သည်။

ဂျာမနီနှင့် အင်္ဂလန်တို့သည် ကျောင်းတော်မှ ရန်စရှိသော မဟာ ပြိုင်ဖက် အသင်းများ ဖြစ်ကြပြီး တောင်အာဖရိကတွင် ကျင်းပ ပြုလုပ်သော ကမ္ဘာ့ ဖလား (၁၆)သင်း ရှုံးထွက် အဆင့်တွင် ထိပ်တိုက် တွေ့ဆုံ လျက်ရှိသည်။ အင်္ဂလန် နည်းပြ ဖေဘီယို ကာပယ်လိုသည် အုပ်စု နောက်ဆုံး ပွဲစဥ်အဖြစ် အင်္ဂလန်နှင့် ဆလိုဗေးနီးယားတို့ တွေ့ဆုံစဥ်က မိနစ် (၇၀) တွင် ရူနီအား လူစားလဲခဲ့ပြီး နောက်ပိုင်းတွင် တံခေါက် ကြောဒဏ်ရာ အနည်းငယ် ရှိနေသဖြင့် ယခုလို လူစားလဲ ခဲ့ခြင်း ဖြစ်ကြောင်း ကြေညာခဲ့ရာ အင်္ဂလန် ပရိသတ်များက စိုးရိမ် ခဲ့ကြသည်။ သို့သော်လည်း မန်ချက်စတာ ယူနိုက်တက်မှ အသက် (၂၄) နှစ် အရွယ် ရှေ့တန်းလူက ဂျာမနီ အသင်းအား ချေမှုန်းရန် အင်ပြည့် အားပြည့် ရှိနေစေမည်ဟု ပရိသတ်အား နှစ်သိမ့် ခဲ့သည်။

အင်္ဂလန်နှင့် ဂျာမနီတို့သည် ယခု ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ အတွင်းမှာပင် စကား စစ်ထိုးမှုများ ပြုလုပ် ခဲ့သေးပြီး ရူနီက ဂျာမနီကို အနိုင်ယူကာ ကမ္ဘာ့ဖလားကို ဆွတ်ခူး လိုကြောင်း ပြောကြား ထားသည်။ ဂျာမနီအသင်းမှ ကစားသမားများကလည်း ယခုပွဲကို ဗိုလ်လုပွဲ သဖွယ် သဘောထားကာ ယှဥ်ပြိုင် သွားမည်ဟု ၎င်းတို့၏ ပရိသတ်ထံ ကတိပြု ထားကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here