​တောင်​ကို​ရီး​ယား​တွင်​ ​စက်​ရုပ်​တိုက်​ကွမ်​ဒို​ပြိုင်​ပွဲ​ ​ကျင်း​ပ​မည်

alt

တောင်ကိုရီးယား နိုင်ငံသည် ကမ္ဘာကျော် တိုက်ခိုက်ရေး ပညာ တစ်ခုဖြစ်သည့် တိုက်ကွမ်ဒို အားကစားကို မွေးထုတ် ပေးခဲ့သည့် အတွက် အစဥ် ဂုဏ်ယူ လေ့ရှိပြီး အမျိုးသား ယဥ်ကျေးမှု အသွင် ထိန်းသိမ်း ထားခဲ့သည်။

ယခုအခါ တိုက်ကွမ်ဒိုနှင့် ပတ်သက်ပြီး ပိုမို​ အမှတ်တရ ရှိစေမည့် နည်းပညာ လှုပ်ရှားမှု တစ်ခုကို တောင်ကိုရီးယားတွင် ပြုလုပ် သွားမည်​ ဖြစ်သည်။ လူသားများ ယှဥ်ပြိုင် တိုက်ခိုက်​ ရသည့် အားကစားနည်းကို စက်ရုပ်များက ယှဥ်ပြိုင်မည့် စက်ရုပ် တိုက်ကွမ်ဒို ပြိုင်ပွဲအား အောက်တိုဘာလထဲတွင် ကျင်းပ သွားမည်ဟု သိရသည်။

ဂျီအွန်ဂျီးရှိ ဂျိုယန်းကိုရီးယား နိုင်ငံတကာ စက်ရုပ် နည်းပညာ ပြပွဲနှင့် ဆွေးနွေးပွဲ ကာလ​ အတွင်း စက်ရုပ်ကလေးများ အပြိုင်အဆိုင် ကိုယ်ခံပညာ အစွမ်းပြ ကြမည်ဖြစ်သည်။ သွေးထွက်​ သံယိုမရှိသည့် အဆိုပါ ပြိုင်ပွဲမှာ တိုက်ကွမ်ဒို ပညာရပ်၏ အနှစ်သာရနှင့် အနုပညာကို လူအများ ပိုမိုသိရှိစေရန်နှင့် သရုပ်ပြရန် ရည်ရွယ်ကာ ကျင်းပခြင်း ဖြစ်သည်။ တိုက်ကွမ်ဒို ပညာ၏ တိုက်ကွက်များဖြစ်သော အထိုး၊ အကန်တိုက်ကွက်များကို စက်ရုပ်လေးများက ၎င်းတို့တွင် တပ်ဆင်ထားသည့် အာရုံခံ ကိရိယာများ အကူအညီဖြင့် ယှဥ်ပြိုင် ကြမည်ဖြစ်သည်။

ထိုနည်းအားဖြင့် စက်ရုပ်လေးများသည် ပြိုင်ဖက်၏ အားသာချက်၊ အားနည်းချက်များကို ထောက်လှမ်းသိရှိကာ တိုက်ကွက်ဆင်နိုင်မည်ဟု ကိုရီးယား ခေတ်သစ်သိပ္ပံနှင့် နည်းပညာဌာနမှ သုတေသီ ရိုဆွန်ဆူးက ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းတို့သည် လူသားများကဲ့သို့ ညက်ညောလှပစွာ လှုပ်ရှား တိုက်ခိုက်ရန်မူ အချိန်ယူရဦးမည်ဟုလည်း ဆွန်ဆူးကဆိုသည်။ အဆိုပါ စက်ရုပ်နည်းပညာ ဆွေးနွေးပွဲတွင် စက်ရုပ်တိုက်ကွမ်ဒို ပြိုင်ပွဲအပြင် လူတူစက်ရုပ်ပြပွဲ၊ စက်ရုပ်ဘောလုံးပွဲများလည်း ထည့်သွင်းကျင်းပသွားမည်ဟု သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here