Naked Cowboy အ​မည်​အား​ ​ဆင်​တူ​ အ​သုံး​မ​ပြု​ရန်​ Naked Cowgirl​ အား​သ​တိ​ပေး

alt

နယူးယောက်မြို့တော်ရှိ တိုင်းစကွဲတွင် ကျင်လည် ကျက်စားနေသည့် Naked Cowboy က ၎င်း၏ အမည်အား ဆင်တူယိုးမှား မပြုလုပ်ရန် Naked Cowgirl အား သတိပေး လိုက်ကြောင်း သိရသည်။

အတွင်းခံ ဘောင်းဘီကိုသာ ဝတ်ဆင်ပြီး ကောင်းဘွိုင် ဦးထုပ်ကိုဆောင်းကာ ဖျော်ဖြေလေ့ရှိသူ ရောဘတ်ဘခ်သည် Naked Cowboy​ ဟူသော အမည်ဖြင့် လူသိများ လျက်ရှိသည်။ ထို့အတူ အနီနှင့်အဖြူ ရောစပ်ထားသော ရေကူးဝတ်စုံကို ဝတ်ဆင်ကာ ကောင်းဘွိုင် ဦးထုပ်ကိုဆောင်းပြီး ဂစ်တာတီးဖျော်ဖြေသည့် အမျိုးသမီးတစ်ဦးက သူမ၏ အမည်ကို Naked Cowgirl​ ဟု ခံယူလိုက်ကြောင်း သိရသည့်အခါ ဘခ်က ယခုလို စိတ်ဆိုးမာန်ဆိုး ကန့်ကွက်လိုက်ခြင်း ဖြစ်သည်။

ဆန်ဒီကိန်းဆိုသော အဆိုပါ အမျိုးသမီးထံသို့ ဘခ်က သတိပေး ကန့်ကွက်ကြောင်း သမ္မန်စာတစ်စောင် ပေးပို့ထားလိုက်ကြောင်းလည်း သိရသည်။ ဘခ်က ထိုအမည်ကို ခံယူပြီး ပိုက်ဆံရှာခြင်း၊ ဓာတ်ပုံအရိုက်ခံခြင်းများ ပြုလုပ်ပါက ကိန်းအနေနှင့် ၎င်းအား တစ်လလျင် ဒေါ်လာ (၅၀၀) ဖြစ်စေ၊ တစ်နှစ်လျင် ဒေါ်လာ( ၅၀၀၀) ဖြစ်စေ ပေးချေ ရမည်ဟု တောင်းဆိုထားသည်။ ယခင်က အဖော်အချွတ်မယ် တစ်ဦး ဖြစ်ခဲ့သည့် အသက် (၅၀) ကျော်အရွယ် ကိန်းကမူ သူမ အနေနှင့် ဘခ်အား တစ်ပြား တစ်ချပ်မှ မပေးရန် ဆုံးဖြတ် ထားကြောင်း ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here