သားဖြစ်သူ အ​ရိုး​ပြာ​နှင့်​ Tattoo​ ထိုးခဲ့​သည့်​ ​မိ​ခင်

alt

သားဖြစ်သူ သေဆုံးမှုကြောင့် ထိခိုက် ခံစားနေရသည့် မိခင် တစ်ဦးသည် သားဖြစ်သူ၏ ရုပ်အလောင်းကို မီးသဂြင်္ိုဟ်ထားသည့် ပြာဖြင့် Tattoo​ ထိုးထား လိုက်ကြောင်း သိရသည်။

အသက်(၅၀)အရွယ် ကင်မော်ဒူးသည် သားငယ်​ လွိုက်၏ ပြာများကို မင်နှင့်​ ရောကာ Tattoo​ ထိုးထားလိုက်ပြီး သူမ၏ သားနှင့် အမြဲတစေ နီးကပ် နေသည်ဟု ခံစား​ ရစေကြောင်း ပြောကြာ​း​ ခဲ့သည်။ အသက်​ (၂၀)​ အရွယ် လွိုက်သည် မူးယစ်ဆေး လွန်ကျွံမှုကြောင့် ပါတီတစ်ခုတွင် သေဆုံး​ ခဲ့ခြင်း​ ဖြစ်သည်။ ကင်၏ Tattoo ကို ကိုယ်တိုင်လည်း Tattoo​ ပညာရှင် တစ်ဦး​ ဖြစ်သည့် သူမ၏​ ခင်ပွန်း ဒေးဗစ်က ရေးထိုး​ ပေးခဲ့သည်။ ဒေးဗစ်သည် ဝေလ​ တောင်ပိုင်းရှိ လန်လီတွင် ကိုယ်ပိုင် Tattoo အလှပြင် ခန်းမ​ တစ်ခု ဖွင့်ထားသူဖြစ်သည်။ ကင်၏​ ခါးတွင် ရေးထိုးထားသော Tattooမှာ သစ်ခြောက်ပင်​ တစ်ပင်နှင့် နတ်မိမယ် တစ်ပါးတို့၏​ ပုံဖြစ်သည်။ ထို Tattoo က သူမ​ အချစ်ဆုံး​ သားသည် သူမနှင့် တစ်ဘဝလုံး အတူရှိ နေခြင်းအဖြစ် ခံယူ မိစေကြောင်း ပြောကြားခဲ့သည်။

Rugby ကစားသမား တစ်ဦးဖြစ်သည့် လွိုက်သည် ညဖက် အပြင်ထွက်လည်ရင်း လဲကျ သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းသည် GHB ဆေးဝါးများ အလွန်အကျွံ သုံးစွဲထားကြောင်း ရဲတပ်ဖွဲ့က ဖော်ထုတ် တွေ့ရှိခဲ့သည်။ ကင်က သားသမီး တစ်ဦးအား မူးယစ်ဆေးကြောင့် ဆုံးရှံုးရသည့် ခံစားချက်မှာ အလွန်ဆိုးရွားကြောင်း၊ မူးယစ်ဆေးဝါးသည် လူ့အဖွဲ့အစည်း တစ်ခုလုံးအား အကျည်းတန် ညစ်နွမ်းစေကြောင်းလည်း ဖွင့်ဟ ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here