ကလေးသန္ဓေသားများ ​ရောင်း​ချ​သည့်​ ​သူ​နာ​ပြု​အား​ ​ထိုင်း​ရဲ​တပ်​ဖွဲ့​ဖမ်း​ဆီး

alt

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့သည် လုကရော့(ခေါ်) ကလေး သရဲလေးများ မွေးမြူ နိုင်သည်ဟု ယုံကြည်မှုဖြင့် ဝယ်ယူသော ကလေး သန္ဓေသားများ ရောင်းချ ခဲ့သည့် သူနာပြုဟောင်း တစ်ဦးအား ဖမ်းဆီး​ လိုက်ကြောင်း သိရသည်။

ရဲများသည် နိုင်ငံ​ အရှေ့မြောက်ပိုင်း အူဘွန် ရက်ချာသာနီ ဒေသရှိ စွန့်ပစ်ထားသော အိမ်အဟောင်း​ တစ်ခုအတွင်း သန္ဓေသား ထည့်ထားသည့် ပုလင်း​ (၁၄)​ လုံးအား ရှာဖွေ​ တွေ့ရှိခဲ့​ ပြီးနောက် ယခု​ ကိစ္စအား ခြေရာခံ ဖော်ထုတ်ရန် ကြိုးပမ်း​ ခဲ့ခြင်းဖြစ်သည်။ အသေးစိတ် စုံစမ်းမှုများ ပြုလုပ်ပြီးနောက် ရဲများသည် သူနာပြုဟောင်း တစ်ဦးဖြစ်သည့် အူရာဆူသီဝေါင်အား လက်ရ​ ဖမ်းဆီး​ လိုက်သည်။ ဆူသီဝေါင်က သူမသည် တရားမဝင် ကိုယ်ဝန်​ ဖျက်ချသည့် အမျိုးသမီးများထံမှ သန္ဓေသားများအား စုဆောင်း​ ထားခြင်း​ ဖြစ်ကြောင်း ဝန်ခံ​ ထွက်ဆိုခဲ့သည်။

သူမသည် ယင်း​ သန္ဓေသားများကို အဆိုပါ အိမ်ဟောင်းထဲတွင် ဝှက်ထားပြီး ကမ်းလှမ်း​ ဝယ်ယူ​ လာသူများထံ ရောင်းချ​ ခဲ့ကြောင်း ပြောကြား​ သွားသည်။ ထိုင်းနိုင်ငံတွင် ရှေးရိုးစွဲ အယူ​ တစ်ခုအဖြစ် သန္ဓေသား အသေများထဲမှ လုကရော့ကို ခေါ်ထုတ်​ နိုင်သည်ဟု ယုံကြည်​ ကြသည်။ ထို့အပြင် ယင်းလုကရော့များကို မွေးမြူ​ ထားခြင်းဖြင့် ကံကောင်းစေပြီး ထီပေါက်ခြင်း​ ကဲ့သို့ ရလဒ်ကောင်းများ ဖြစ်ပေါ်​ စေမည်ဟုလည်း ယူဆ​ ကြကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here