​​အင်​ဒို​နီး​ရှား နိုင်ငံ​ အ​နောက်​​ ဂျာ​ဗား​တွင် ဆယ်​ကျော်​သက်​​ ပြ​ည့်​​တန်​ဆာ​များ​ပေါ​များ​လာ

alt

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားတွင် ဆယ်ကျော်သက် ပြည့်တန်ဆာများ ပေါများ လာခြင်းကြောင့် အာဏာပိုင်များ အတွက် ခေါင်းခဲ​ စရာ ဖြစ်နေ ရကြောင်း သိရသည်။

အနောက်ဂျာဗား၏မြို့တော် ဘန်ဒန်းတွင် ပြည့်တန်ဆာ အရေအတွက် တစထက်တစ တိုးမြင့်လာရာ ယင်းတို့အနက် အထက်တန်း ကျောင်းသူများပင် ပါဝင်လာကြောင်း သိရသည်။ လိင်​ လုပ်သားများအား ထောက်ပံ့​ ကူညီရေး အစီအစဥ်များ ပြုလုပ်​ ဆောင်ရွက်နေသည့် ရူမာဆီမာရာ NGO အဖွဲ့မှ အယ်လ်က ယင်း​ လုပ်ငန်းတွင် ပါဝင်​ ပတ်သက်လာသည့် ဆယ်ကျော်သက်​ ဦးရေ တိုးပွား​ လာခြင်းကို စိုးရိမ်မိကြောင်း ဝန်ခံ​ ပြောကြားခဲ့သည်။ သူမက လမ်းမများပေါ်တွင် ငယ်ရွယ်သော မိန်းကလေးများ ယင်းနည်းလမ်းဖြင့် ငွေရှာမှု များပြားလာခြင်းအပေါ် သူမတို့ သိရှိထားသည်ဟုဆိုသည်။

အယ်လ်သည် ပြီးခဲ့သည့် (၂)နှစ်အတွင်း အိမ်ရှင်မ(၂၀၀)ကျော်နှင့် ကလေး ပြည့်တန်ဆာများအား စောင့်ရှောက်အားပေးခဲ့ရပြီး အသက်(၁၅)နှစ်နှင့် (၁၆)နှစ်ကြား အထက်တန်းကျောင်းသူ (၂၀)မျှ ယင်းလုပ်ငန်းတွင် ပါ၀င်နေသည်ကို တွေ့မြင်ခဲ့ရကြောင်း စိတ်မသက်သာစွာ ပြောပြခဲ့သည်။ အဆိုပါ အရွယ်သည် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်တည်ငြိမ်မှု အားနည်းသေးကြောင်း၊ ထို့ကြောင့်လည်း ငွေအလွယ်ရမည့် နည်းလမ်းကို ရေလိုက်လွဲရင်း ပြည့်တန်ဆာ ဖြစ်သွားကြကြောင်း အယ်လ်ကဆိုသည်။ အယ်လ်က Prevention of Child Sexual Exploitation (ESKA) စီမံကိန်းကို ဘန်ဒန်းတွင် ဖွင့်လှစ်ပေးပြီး ပညာပေး ဟောပြောမှုများ ပြုလုပ်လျက်ရှိကြောင်း ပြောကြားသွားသည်။ အယ်လ်က ဘန်ဒန်းတွင် သူမတို့ တွေ့ရှိခဲ့သည့် မိန်းကလေး တစ်ဦးသည် အသက်(၁၅)နှစ်သာ ရှိသေးပြီး သူမကိုယ်သူမ ဒေါ်လာ(၅၅၀)မျှဖြင့် ရောင်းချနေကြောင်း၊ ထိုငွေကြေးဖြင့် မိုဘိုင်းဖုန်းတစ်လုံးဝယ်ရန်၊ သွားအလှပြုပြင်ရန် ရည်ရွယ်သည်ဟု သူမတို့ထံ ဝန်ခံခဲ့ကြောင်း ပြောကြားသွားသည်။

အစိုးရအနေနှင့် လိင်မှုအကြမ်းဖက် ခံရသူများကို အားပေး ကူညီရန် စီမံကိန်းများ ချမှတ်ထားသော်လည်း ကလေးများ၏ ပြည့်တန်ဆာ လုပ်ငန်းခွင်သို့ ခြေချဝင်ရောက်လာသည့် ကိစ္စနှင့် ပတ်သက်ပြီးမူ ကိုင်တွယ် ထိန်းသိမ်းရာတွင် အားနည်းချက်များ ရှိနေသေးကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here