​စ​ပိန်​ရ​ထား​မ​တော်​တ​ဆ​မှု​ ​အ​နည်း​ဆုံး​ ​၁၂ ဦး​ သေ​ဆုံး

alt

စပိန်နိုင်ငံတွင် ရထား​ မတော်တဆမှု တစ်ခုကြောင့် အနည်းဆုံးလူ (၁၂)​ ဦး သေဆုံး​ သွားကြောင်း သိရသည်။ အရှိန်​ ပြင်းထန်စွာ ခုတ်မောင်း​ လာသည့် ရထားသည် ဘာစီလိုနာ မြို့ပြင်​ အနီး ရထား​ လမ်းအား

ဖြတ်ကူး​ နေသည့်​ လူငယ်​ တစ်စုအား ဝင်တိုက်​ မိရာမှ ယခုလို ဖြစ်ပွား​ ခဲ့ခြင်းဟုဆိုသည်။ ဇွန်လ​ (၂၃)​ ရက်နေ့က ရထားတိုက်မှု​ အတွင်း နောက်ထပ်​ (၁၄)​ ဦး ဒဏ်ရာ​ ရရှိခဲ့ပြီး (၃)​ ဦးမှာ အခြေအနေ စိုးရိမ်​ ရကြောင်း ပို့ဆောင်ရေး​ ဌာနက ပြောကြာ​း​ ခဲ့သည်။ ယင်း​ ရထားသည် ကက်စတယ်ဒီဖီလက် ဘူတာကို ဖြတ်ကျော်​ ခုတ်မောင်းစဥ် လူအုပ်အား ဝင်တိုက်​ မိခြင်းဟု သိရသည်။ ရထား​ တိုက်မှုကို ကိုယ်တိုင်​ မြင်လိုက်ရသည့် ဖာနန်ဒို အော်တီဂါဆိုသူက လူတစ်စုသည် ရထားတစ်စင်း ဘူတာသို့ မဝင်မီ အခြားဖက်ခြမ်းသို့ ဖြတ်ကူးကြစဥ် ဆန့်ကျင်ဖက်​ အရပ်မှ အရှိန်ပြင်းစွာ မောင်းနှင်​ လာသည့်ရထားက ဖြတ်တိုက်​ သွားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အခြား​ မျက်မြင်တစ်ဦးက ရထားတိုက်မှု ဖြစ်ပွားချိန်တွင် မှောင်နေပြီး တစ်ဖက်ခြမ်းမှ ရထား​ လာသည်ကို သတိပေးမည့်သူ မရှိခဲ့ကြောင်းနှင့် ဖြတ်ကူးသူ အရေအတွက် (၃၀)​ မျှ​ ရှိကြောင်း ပြောဆို​ သွားသည်။

ရထားပေါ်တွင် လိုက်ပါလာသူ မာဆယ်လို ကာဒိုနာက လူငယ်အုပ်ကြီးသည် တစ်သုတ်ပြီးတစ်သုတ် ဖြတ်ကူး​ နေခြင်းဖြစ်ပြီး အချို့က ရထားကို​ မြင်သည့်အခါ ပလက်ဖောင်းဖက် ပြန်ပြေး​ တက်သွားကြောင်း ထုတ်ဖော်​ ပြောဆို​ သွားသည်။ ထို့အပြင် ရထားတိုက်မိသည့်အချိန်တွင် ကြားရသည့် အသံမှာ ကျောက်တုံးကြီးတစ်ခုအား ထုရိုက်လိုက်သော အသံမျိုးဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။ အခင်း​ ဖြစ်ပွားပြီးနောက် ရထားလမ်း​ တလျှောက် သွေးရဲရဲ သံရဲရဲ ဖြစ်နေကြောင်း သူနာပြု တပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့သည်။ ဘာစီလိုနာ ရဲတပ်ဖွဲ့သည် ရထားတိုက်မှုနှင့် စပ်လျဥ်းပြီး စုံစမ်းမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here