HIV​ ​ရော​ဂါ​ပိုး​ရှိ​သူ​များ​ ​စ​နစ်​တ​ကျ​ကု​သ​မှု​ခံ​ယူ​ပါ​က​ ​အ​သက်​ရှင်​ခွင့်​ ​ရာ​ခိုင်​နှုန်း​ပို​များ

alt

AIDS ရောဂါကို ဖြစ်ပွား စေသည့် HIV ပိုးရော၊ တီဘီ ရောဂါပါ ရှိနေသည့် လူနာများသည် စောစောစီးစီး စစ်ဆေး သိရှိကာ စနစ်တကျ ကုသမှု ခံယူ ရရှိပါက အသက်ရှင်ခွင့် ရရန် ရာခိုင်နှုန်း ပိုမို များပြားကြောင်း သုတေသီများက ပြောကြားခဲ့သည်။

တောင်အာဖရိကနိုင်ငံ ကွာဇူလူးနာတယ်ရှိ အီဒန်ဗေး ဆေးရုံတွင် ပြုလုပ်သည့် သုတေသန ရလဒ်များအရ HIV ပိုးနှင့် တီဘီပိုး ရှိနေသူများသည် သေဆုံးရန် အခြေအနေ အနီးစပ်ဆုံးထိ ဖြစ်တတ်သော်လည်း စောစီးစွာ ကုသမှု ခံယူပါက ၎င်းတို့၏ သက်တမ်းကို ဆွဲဆန့် ထားနိုင်မည်ဟု သိရသည်။ ဟားဗက်ဆေးကျောင်းမှ ဒေါက်တာတက်ကိုဟန်းနှင့် ယင်းဆေးရုံမှ ပညာရှင်များ ပူးပေါင်းပြုလုပ်ခဲ့သော လေ့လာမှုအရ စောစီးစွာ သိရှိကုသပါက အသက်ရှင်နေမှုကို (၉၄)ရာခိုင်နှုန်းထိ မြှင့်တင်နိုင်ပြီး သေဆုံးမှုစံညွှန်း မြင့်မားခြင်းအား ရှောင်လွှဲနိုင်မည်ဟု ဖော်ထုတ်နိုင်ခဲ့သည်။ ဒေါက်တာကိုဟန်းတို့သည် အီဒန်ဗေး ဆေးရုံတွင် သေဆုံးခဲ့သည့် HIVပိုးရော၊ တီဘီပိုးပါ ရှိနေသူ (၂၉၀)၏ ကျန်းမာရေး စစ်တမ်းများကို ပြန်လည်လေ့လာပြီးနောက် ယခုရလဒ်အား အတည်ပြုခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများအနက် (၁၇)ရာခိုင်နှုန်းသည် တီဘီကာကွယ်ဆေး ထိုးနေရာမှ ရပ်တန့်လိုက်ပြီးနောက် ဆေးယဥ်သွားသဖြင့် ကုမရအောင် ဖြစ်သွားကြောင်း သိရသည်။ HIVပိုး အခံရှိသူများ တီဘီရောဂါ ဖြစ်ပွားခြင်းသည် သမားရိုးကျအားဖြင့် ကုသရာတွင် ပိုမိုခက်ခဲလေ့ရှိကြောင်း ဒေါက်တာကိုဟန်းက ရှင်းပြခဲ့သည်။ အာဖရိကတိုက်သည် ကမ္ဘာပေါ်တွင် HIVပိုးနှင့် AIDSရောဂါ အထူထပ်ဆုံး ကူးစက်ပျံ့နှံ့ရာ ဒေသလည်းဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here