ကမ္ဘာပေါ်တွင် အန္တရာယ်​ အကြီးဆုံး မူးယစ်ရာဇာ​ အဖြစ် စွပ်စွဲခံထားရသူ​ ​လက်​နက်​ချ

alt

ဂျမေကာနိုင်ငံတွင် ရဲတပ်ဖွဲ့က အသည်းအသန် ဖမ်းဆီးရန် ကြိုးပမ်း နေသည့် မူးယစ် ဆေးဝါးရာဇာ ဒူဒူးကုတ်မှာ ယခုအခါ လက်နက်ချ အဖမ်း ခံလိုက်ပြီ ဖြစ်သည်။

ဇွန်လ(၂၂)ရက်နေ့ညက အမေရိကန် အစိုးရ၏ အလိုရှိမှုကြောင့် ဂျမေကာ ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးရာမှ ၎င်းအား ကာကွယ် ပေးသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား တိုက်ပွဲများ ဖြစ်ပွား စေခဲ့သူ ဒူဒူးမှာ ကင်စတန် မြို့တော် အပြင်ဖက်တွင် ရဲများထံ လက်နက် ချခဲ့သည်။ အသက်(၄၂)နှစ်အရွယ်ရှိ ဒူဒူးသည် ကမ္ဘာပေါ်တွင် အန္တရာယ် အကြီးဆုံး မူးယစ်ရာဇာ တစ်ဦး အဖြစ် စွပ်စွဲ ခံထားရပြီး ၎င်းကို ထောက်ခံသူများနှင့် ရဲများကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများ အတွင်း လူပေါင်း (၇၃) ဦးထက် မနည်း သေဆုံးခဲ့သည်။ ဒူဒူးသည် ကင်စတန် မြို့ခံလူထု အတော်များများ၏ ချစ်ခင် ထောက်ခံမှုကို ရရှိ ထားသူဖြစ်ပြီး မေလကတည်းက ၎င်းအား ဖမ်းဆီးရန် ရဲများက ကြိုးပမ်းခဲ့သော်လည်း တုန့်ပြန် တိုက်ခိုက်မှုများ၊ မြို့ခံလူထု၏ ဆန္ဒပြမှုများကြောင့် ထင်တိုင်း မပေါက်ခဲ့ချေ။ အမေရိကန်က ဂျမေကာရဲများထံ လက်နက်ချခဲ့သော ဒူဒူးသည် နယူးယောက်သို့ မူးယစ် ဆေးဝါးများ မှောင်ခို တင်သွင်းခဲ့သူဟု စွပ်စွဲခဲ့သည်။

ပြီးခဲ့သည့်လက ဒူဒူးသည် ဗင်နီဇွဲလားသို့ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သတင်းများ ထွက်ပေါ် ခဲ့သေးပြီးနောက် ဂျမေကာစစ်တပ်နှင့် ရဲများသည် ဒူဒူး ခိုအောင်းနေသည်ဟု ယူဆရသည့် နေအိမ်များကို အတင်းအကြပ် ရှာဖွေခဲ့ကြသည်။ ထို့အပြင် ဒူဒူးအား အကာအကွယ် ပေးရန် ကြိုးပမ်းသူ (၅၀၀) ကျော်မှာလည်း အဖမ်းခံရသေးသည်။ ဂျမေကာ အစိုးရသည် ဒူဒူးအား မဖမ်းမိခင် တစ်ရက် အလိုက ၎င်းအတွက် ဆုငွေဒေါ်လာ (၆၀၀၀ဝ) ထုတ်ခဲ့ သေးကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here