​စုန်း​က​ဝေ​ဘဝ​မှ​ ​စစ်​သား​ တစ်ဦး​ ဖြစ်​တော့​မည့်​ ​ဒင်​နီရယ်​ ရက်​က​လစ်

alt

ဒင်နီရယ် ရက်ကလစ်တစ်ယောက် စုန်းကဝေ ဘဝမှ စစ်သား ဘဝသို့ ကူးပြောင်း တော့မည် ဖြစ်သည်။ Harry Potter ဇာတ်ကားများတွင် စုန်း ကဝေလေး အဖြစ် သရုပ်ဆောင်ရင်း အောင်မြင်မှုများ ရရှိလာသည့်

အသက် (၂၁) နှစ်ရှိ ဟောလီးဝုဒ် စတားသည် အသစ် ရိုက်ကူးမည့် All Quiet On The Western Front ဇာတ်ကား အတွင်း ပထမ ကမ္ဘာစစ်ကာလက တိုက်ပွဲ ဝင်ခဲ့သည့် ငယ်ရွယ်သော ဂျာမန် စစ်သားလေး အဖြစ် သရုပ်ဆောင်မည်ဟု သိရသည်။ အဲရစ်မာနီယာ ရီမာကူ ရေးသားသည့် ဝတ္ထုအား ပုံဖော်ထားသည့် ဇာတ်ကားတွင် ရက်ကလစ်သည် ပေါဘော်မာအမည်ရှိ ဂျာမန်စစ်သားလေးအဖြစ် ပါဝင်မည် ဖြစ်သည်။ ယင်းဇာတ်ကားသည် (၁၉၃၀)ပြည့်နှစ်က ရိုက်ကူးထားပြီးဖြစ်သော ရုပ်ရှင်အား တကျော့ပြန် ဆန်းသစ်ထားခြင်းဖြစ်သည်။ ပထမ ဇာတ်ကားအဟောင်းသည် အော်စကာဆု ရရှိသည်အထိ အောင်မြင်ခဲ့ပြီး သမိုင်းတလျှောက် ဂီတပါဝင်ခြင်း မရှိဘဲ အော်စကာဆုရသည့် ပထမဆုံး ဇာတ်ကားလည်း ဖြစ်လာသည်။

ရက်ကလစ်သည် ၎င်း၏ Harry Potter နောက်ဆုံး ဇာတ်လမ်း အပိုင်း နှစ်ခု ဖြစ်သည့် The Deathly Hallows ကို ရိုက်ကူး ခဲ့ပြီးနောက် ဟောလီးဝုဒ်တွင် အခြားသော ဇာတ်ရုပ်များဖြင့် အောင်မြင်မှု ခြေဆန့်ရန် မျှော်လင့်ထားသည်။ The Deathly Hallows အပိုင်း(၁)နှင့် (၂)တို့ကို နိုဝင်ဘာ (၁၉) ရက်နေ့နှင့် (၂၀၁၁)ခုနှစ် ဇူလိုင် (၁၅) ရက်နေ့တို့တွင် ရုံတင်ရန် စီစဥ်ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here