ဗ​လန်​စီ​ယာ​တိုက်​စစ်​မှူး​​ ဒေး​ဗစ်​ဆေး​ဗား​အား​ ချဲလ်​ဆီး​​ အ​သင်း​က​ ​ကြား​ဖြတ်​ ခေါ်​ယူ​ရန် ​ပြင်​ဆင်

alt

မန်ချက်စတာ စီးတီးအသင်းထံ ရောက်ရှိရန် သေချာ နေပြီဟု သတင်းများ ထွက်ပေါ်နေသည့် ဗလန်စီယာ တောင်ပံ တိုက်စစ်မှူး ဒေးဗစ် ဆေးဗားအား ချဲလ်ဆီး အသင်းက ကြားဖြတ် ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။

မူလကတည်းက စီးတီးထက် အောင်မြင်မှုများ ပိုမို ရရှိထားသည့် ချဲလ်ဆီးသို့ ဆေးဗားက ပြောင်းရွှေ့ ချင်သော်လည်း စီးတီးက ပေါင် (၂၉) သန်းထိ ပေးကာ ကမ်းလှမ်း ခဲ့သည့် အတွက် စပိန် ကလပ် ဗလန်စီယာက လက်ရှိ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲဝင် စပိန် လက်ရွေးစင် အသင်းမှ အသက် (၂၄) နှစ်ရှိ ကစားသမားအား စီးတီးထံ ရောင်းချရန် စီစဥ် ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယခုအခါ ချဲလ်ဆီးကလည်း ထိုဈေး အတိုင်း ပေးလာပြီ ဖြစ်သဖြင့် ဆေးဗားမှာ ချဲလ်ဆီးသို ရောက်ရှိရန် ပိုမို နီးစပ်နေကြောင်း ဆေးဗား၏ အေးဂျင့်ဖြစ်သူ ဂျူလီယို လော်ရင်တီက ပြောကြားခဲ့သည်။ သို့သော်လည်း ဆေးဗား၏ အနာဂတ်ကို တိတိကျကျ ပြောဆိုရန်မှာ ခက်ခဲနေဆဲဖြစ်ကြောင်းလည်း လော်ရင်တီက ဝန်ခံခဲ့သည်။ ဆေးဗားအား စီးတီး၏ မြို့ခံပြိုင်ဖက် မန်ချက်စတာ ယူနိုက်တက်ကလည်း စိတ်ဝင်စားခဲ့ဖူးသော်လည်း ခေါ်ဈေး မြင့်မှုကြောင့် လက်လျှော့ခဲ့သည်။

ဆေးဗားအား စပိန်ထိပ်တန်း ကလပ်များဖြစ်သည့် ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ် အသင်းများကလည်း စိတ်ဝင်စားနေသည့်တိုင် ဗလန်စီယာကမူ ပြည်ပကလပ်များသို့သာ ရောင်းချသွားရန် ဆန္ဒရှိနေသည်။ ဆေးဗားကိုယ်တိုင်ကမူ ဥရောပချန်ပီယံလိဂ် ဝင်ခွင့်ရသည့် အသင်း တစ်သင်းတွင်သာ ကစားလိုကြောင်း ပြောကြားထားရာ ချဲလ်ဆီးသည် စီးတီးထက် အခွင့်အရေး ပိုသာနေကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here