မိုဘိုင်းဖုန်း​များ​ကြောင့်​ ကင်ဆာရောဂါ ဖြစ်ပေါ်နိုင်ခြေ​ ​မ​ရှိ

alt

မိုဘိုင်းဖုန်း တာဝါတိုင်များအနီး နေထိုင်ခြင်းကြောင့် ကင်ဆာ ရောဂါ ဖြစ်ပေါ် နိုင်ခြေ မြင့်တက် လာသည် ဆိုသော ဖော်ပြချက်များနှင့် ပတ်သက်ပြီး တိကျသော အထောက် အထားမျိုး မရှိကြောင်း သုတေသီများက ပြောကြား ခဲ့သည်။

အကြီးစား သုတေသန ရလဒ်များအရ အဆိုပါတိုင်များမှ ဖြာထွက်မှုများကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ သန္ဓေသားသည် မွေးဖွား ကြီးပြင်း လာချိန်တွင် ကင်ဆာ ဖြစ်ပေါ် နိုင်ခြေ မြင့်တက် လာကြောင့် ပြောဆိုချက်များမှာ မှားယွင်းကြောင်း ပညာရှင်များက ဖော်ထုတ်​ တွေ့ရှိခဲ့သည်။ လန်ဒန်​ အင်ပီရီရယ် ကောလိပ်မှ ဆရာဝန်များသည် မိုဘိုင်းဖုန်း​ တာဝါတိုင်များနှင့် နီးကပ်သော​ နေရာတွင် မွေးဖွား ကြီးပြင်း​ ခဲ့သည့် ကလေးငယ် (၇၀၀၀)၏ ကျန်းမာရေးစစ်ချက်များကို လေ့လာ​ ဆန်းစစ်ပြီးနောက် ယခုလို ပြောကြား​ သွားခြင်း​ ဖြစ်သည်။ ပတ်ဝန်းကျင်နှင့်ကင်ဆာဌာနမှ ဒါရိုက်တာ ပေါအီလီယော့က မိုဘိုင်းဖုန်း တာဝါတိုင်များနှင့် ကင်ဆာရောဂါကြား တိကျသော ဆက်စပ်မှုမျိုး မိမိတို့ မမြင်တွေ့ရကြောင်း ပြောကြားခဲ့သည်။

ပညာရှင်များကြား မိုဘိုင်းဖုန်းကြောင့် ဦးနှောက်တွင် အကြိတ်များဖြစ်ပေါ်ပြီး ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်လာသည်ဆိုသော သဘောထားနှင့် ပတ်သက်ပြီး အမြင်ကွဲပြားမှုများလည်း တည်ရှိနေဆဲဖြစ်သည်။ သို့သော်လည်း ဗြိတိန်အစိုးရ၏ ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာအီလင်း ရူဘာရီက မိုဘိုင်းဖုန်းမှ ထွက်ပေါ်လာသော လှိုင်းများကြောင့် ဦးနှောက်အား ထိခိုက်မှုများ ဖြစ်ပေါ်စေကြောင်း တိတိကျကျ သက်သေပြနိုင်ရန် သူမတို့ ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ မိုဘိုင်းဖုန်းနှင့် ဦးနှောက်ကင်ဆာကြား ဆက်စပ်မှုကို ကမ္ဘာအနှံ့တွင် သုတေသနပြုမှု အမြောက်အမြား ပြုလုပ်ခဲ့သော်လည်း တိကျသည့် အဖြေတစ်ခု ယခုတိုင် ထွက်ပေါ်မလာသေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here