ကမ္ဘာ့အကောင်းဆုံး သီချင်းအဖြစ် ရပ်တည်​ နေသည့်​ Waka Waka

alt

ရှာကီယာ သီဆိုထားသော Waka Waka (This time for Africa) သည် လက်ရှိ အချိန်တွင် ကမ္ဘာ့​ အကောင်းဆုံး သီချင်း အဖြစ် ရပ်တည် နေကြောင်း သိရသည်။

ကောက်ခံရရှိသည့် စစ်တမ်းများအရ အာဂျင်တီးနား၊ ဩစတြီးယား၊ ဘယ်ဂျီယံ၊ ချီလီ၊ ကိုလံဘီယာ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဟော်လန်၊ အီတလီ၊ လူဇင်းဘတ်၊ ပေါ်တူဂီ၊ ပါရာဂွေး၊ တောင်အာဖရိက၊ စပိန်၊ မက္ကစီကိုနှင့် ဆွစ်ဇာလန်တို့တွင် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကိုယ်စားပြု​ သီချင်းအဖြစ် စပ်ဆိုထားသော Waka Waka​ မှာ လူကြိုက်​ အများဆုံး နံပါတ်​ (၁)​ နေရာကို ပိုင်ဆိုင်​ ထားကြောင်း သိရသည်။ အာဖရိက ဂီတ​ အဖွဲ့တစ်ခု၏ တီးခတ်မှုဖြင့် ကိုလံဘီယာ Pop​ အဆိုတော်က သီဆို​ ထားသော သီချင်းမှာ လူအများ၏ ကမ္ဘာ့ဖလား ရူးသွပ်မှုကို ပြယုဂ် တစ်ခု​ အဖြစ်လည်း သတ်မှတ်​ ခံထားရသည်။ ယင်းသီချင်းမှာ (၁၉၈၆)​ ခုနှစ်က လူကြိုက်များခဲ့သည့် ကင်မရွန်း​ သီချင်း​ တစ်ပုဒ်ဖြစ်သော Zangalewa ကို အခြေခံ ရေးဖွဲ့ ထားခြင်း​ ဖြစ်ပြီး Waka Waka သီချင်း​ ဗီဒီယိုကို YouTube​ ဝက်ဆိုက်တွင် Upload​ တင်ခဲ့ရာ တစ်ပါတ်​ အတွင်းလူပေါင်း (၁၃)သန်းကျော် ဝင်ကြည့်ခဲ့သည်။

အဆိုပါ ဗီဒီယိုအတွက် ကမ္ဘာ့နိုင်ငံ အတော်များများမှ Dancer​ များ ပါ၀င်ခဲ့ပြီး ကမ္ဘာကျော် ဘောလုံး​ သမားများဖြစ်သည့် စပိန်မှ​ ဂျရတ်ပစ်ကေး၊ မက္ကစီကိုမှ ရာဖေးမားကွတ်၊ ကင်မရွန်းမှာ ကားလို့ကာမီနီ၊ ဘရာဇီးမှ ဒင်နီရယ်အဲဗက်၊ အာဂျင်တီးနားမှ လက်ရှိ​ ကမ္ဘာ့အကောင်းဆုံး ဘောလုံး​ သမားဆုရှင် လီယွန်နက်​ မက်ဆီတို့လည်း ကူညီ​ သရုပ်ဆောင်ထားသည်။ ရှာကီယာသည် ဇွန်လ(၁၁)ရက်နေ့ ကမ္ဘာ့ဖလား ဖွင့်ပွဲတွင် အဆိုပါ​ သီချင်းဖြင့် သီဆို​ ဖျော်ဖြေခဲ့ပြီး ပိတ်ပွဲတွင်လည်း သီဆို​ သွားရန် စီစဥ်​ ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here