လာ​မည့်​နှစ်​ပေါင်း​၁၀၀​အ​တွင်း​ ​လူ​သား​မျိုး​နွယ်​များ​ ​ပျောက်​ဆုံး​​ သွား​နိုင်​

alt

ဩစတြေးလျ နာမည်ကျော် သိပ္ပံပညာရှင် တစ်ဦးက လာမည့်​ နှစ်ပေါင်း (၁၀၀)​ အတွင်း ကမ္ဘာပေါ်တွင် လူသား​ မျိုးနွယ်များ လုံးဝ​ ပျောက်ကွယ်​ သွားနိုင်ကြောင်း မှတ်ချက်ပြု ပြောဆို​ လိုက်သည်။

ကမ္ဘာပေါ်တွင် ရေကျောက်ရောဂါကို အမြစ်ပြတ် တိုက်ဖျက်ပေးခဲ့သူ ပရော်ဖက်ဆာ ဖရန့်ဖန်နာက လူသား​ မျိုးနွယ်သည် ညစ်ညမ်းမှုနှင့် ခေါင်းပါး​ ပြတ်လပ်အောင် စားသုံးမှုများကြောင့် အသက်ရှင် ရပ်တည်နိုင်သည့် အခြေအနေမျိုး မရှိ​ တော့လောက်အောက် ဖြစ်သွား​ နိုင်ကြောင်း မှတ်ချက်​ ပြုခဲ့သည်။ ဩစတြေးလျ အမျိုးသား တက္ကသိုလ်မှ မိုက်ကရိုဇီဝဗေဒ ပညာရှင်​ ဖြစ်သူ ဖန်နာက လာမည့်နှစ်ပေါင်း (၁၀၀)​ အတွင်း လူသားများ ပျောက်ကွယ်​ သွားနိုင်သလို ကမ္ဘာပေါ်ရှိ အခြားသော သက်ရှိ​ မျိုးနွယ် အတော်များများပါ အလားတူ ကြမ္မာငင်မှုမျိုး တွေ့ကြံု​ သွားရနိုင်ကြောင်း ခန့်မှန်းခဲ့သည်။

ဖန်နာက ကမ္ဘာ့ရာသီဥတု ဖောက်ပြန်​ ပြောင်းလဲမှုသည် လူသား​ မျိုးနွယ်များ ပျောက်ကွယ်​ သွားမည့် အကြောင်းရင်း တစ်ခုအဖြစ်လည်း ပြစ်တင်​ ပြောကြားခဲ့သည်။ အသက်(၉၅)နှစ် ရှိပြီဖြစ်သည့် ပညာရှင်ကြီးသည် ရေကျောက်ရောဂါ တိုက်ဖျက်ဆေး တီထွင်ခဲ့သည့် ပညာရှင်များ​ အနက် တစ်ဦးအဖြစ် ကမ္ဘာ့လူသားများအား အကျိုးပြု​ ထားခဲ့ပြီး သိပ္ပံပညာရပ်ဆိုင်ရာ စာအုပ်ပေါင်း (၂၂)အုပ်ကိုလည်း ရေးသားခဲ့သည်။ ၎င်းသည် (၁၉၈၀)ပြည့်နှစ်က ကမ္ဘာ့ကျန်းမာရေး ညီလာခံတွင် ဒေါက်တာဖန်နာသည် ကမ္ဘာပေါ်တွင် ရေကျောက်ရောဂါ လုံးဝပျောက်ကွယ်သွားကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းသည် ယခုအချိန်ထိ အကြီးကျယ်ဆုံး မော်ကွန်းဝင် အောင်မြင်မှုအဖြစ် ရပ်တည်နေဆဲဖြစ်သည်။

ဒေါက်တာဖန်နာက ကမ္ဘာ့ဇီဝ ဝန်းကျင်နေရာ အတော်များများတွင် သဘာဝအခြေအနေများ ယုတ်လျော့ပျက်စီးလာခြင်းအား ထောက်ပြခဲ့ပြီး လူသားများအနေနှင့် အသက်ရှင် ရပ်တည်ရေးအတွက် အမှန်တကယ် ခက်ခဲကြမ်းတမ်းသော စိန်ခေါ်မှု တစ်ခုနှင့် ရင်ဆိုင်နေရပြီဟု ပြောကြားခဲ့သည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ လက်ရှိအချိန်တွင် ကမ္ဘာ့လူဦးရေ (၆.၈)ဘီလျံမျှ ရှိနေပြီး (၂၀၁၁)ကုန်ဆုံးချိန်တွင် (၇)ဘီလျံ ကျော်သွားမည်ဟု သိရသည်။ မကြာသေးမီက ကင်းဘရစ် တက္ကသိုလ်မှ ပရော်ဖက်ဆာ နစ်ကိုးလက်ဘွိုင်းကလည်း ကမ္ဘာပျက်မည့်နေ့သည် (၂၀၁၄)ခုနှစ်တွင် ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းခဲ့သေးသည်။ (၂၀၀၆)ခုနှစ်ကလည်း ပရော်ဖက်ဆာ ဂျိမ်းလက်ဗ်လော့က ကမ္ဘာ့ရာသီဥတု ပြောငး်လဲဖောက်ပြန်မှုများကို မဖြေရှင်းနိုင်ပါက ကမ္ဘာ့လူဦးရေသည် သန်း(၅၀၀)မျှသာ ရှိတော့သည်အထိ လျော့နည်းကျဆင်းသွားနိုင်ကြောင်း ပြောကြားခဲ့သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here