ပက်ထရစ် အဲဗရာအား နည်းပြ​ ရေမွန်ဒိုမီနစ်က​ အရံခုံသို့​ပို့​ခဲ့

alt

ပြင်သစ်အသင်း၏ ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံး ပွဲစဥ် အဖြစ် တောင် အာဖရိကနှင့် ယှဥ်ပြိုင်ရာတွင် အသင်း ခေါင်းဆောင် ပက်ထရစ် အဲဗရာအား နည်းပြကြီး ရေမွန်ဒိုမီနစ်က ကစားခွင့် မပေး​ ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပါတ်ကုန်က တိုက်စစ်မှူး နီကိုလက် အနယ်ကာအား ပြင်သစ်​ နိုင်ငံ ပြန်ပို့​ ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ပြင်သစ် ကစားသမားများ နည်းပြ​ အဖွဲ့ကို ဆန္ဒပြမှုတွင် ခေါင်းဆောင်ခဲ့သော ဘယ် နောက်ခံ​ လူသည် ပြင်သစ်က အိမ်ရှင်အား (၂-၁) ဖြင့် အရေးနိမ့်ကာ ကမ္ဘာ့ဖလားမှ ကျောခိုင်း​ ထွက်ခွာခဲ့ရသော ပွဲစဥ်အား အရံခုံမှသာ ကြည့်ရှု​ နေခဲ့သည်။ ဇွန်လ​ (၂၂)​ ရက်နေ့ညက အရှုံးကြောင့် (၁၉၉၈)ခုနှစ်၊ ကမ္ဘာ့ချန်ပီယံ အသင်းကြီးမှာ အုပ်စု​ အတွင်း (၃)​ ပွဲ​ ကစားပြီး (၁)​ မှတ်သာ ရသဖြင့် အုပ်စု​ ဘိတ်အဖြစ် ပြိုင်ပွဲမှ ထွက်ခွာ​ ခဲ့ရခြင်း​ ဖြစ်သည်။

နည်းပြ​ ဒိုမီနစ်သည် အနယ်ကာ၏ တိုက်စစ်​ နေရာအတွက် ဂျီဘရယ်ဆစ်စီအား အစားထိုး​ ခဲ့ပြီး အဲဗရာအစား ဂေးကလစ်ချီကို ထည့်သွင်း​ ခဲ့သည်။ ပြင်သစ် သတင်းအချို့က ယခု​ ကိစ္စများ ပေါ်ပေါက်ခဲ့ပြီးနောက် အနယ်ကာ၊ အဲဗရာနှင့် ပြင်သစ် လက်ရွေးစင် ကစားသမား​ အချို့တို့သည် နိုင်ငံ လက်ရွေးစင်မှ အနားယူရန် စဥ်းစား နေကြောင်းလည်း ဖော်ပြ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here