မြောက်ကိုရီးယား ရေငုပ် သင်္ဘောအား အမိန့်ပေးခဲ့သူမှာ ကင်ဂျံုအီသာ ဖြစ်နိုင်

alt

တောင်ကိုရီးယား စစ်သင်္ဘော ပေါက်ကွဲနစ်မြုပ်မှုတွင် မြောက်ကိုရီးယား ရေငုပ်​ သင်္ဘောအား ပစ်ခတ်ရန် အမိန့်​ ပေးခဲ့သူမှာ ကင်ဂျံုအီသာ ဖြစ်နိုင်ကြောင်း မြောက်ကိုရီးယား အေးဂျင့်ဟောင်း တစ်ဦးက မှတ်ချက်ပြုခဲ့သည်။

တောင်ကိုရီးယား လေယာဥ်​ တစ်စင်းအား ဗုံးခွဲ​ တိုက်ခိုက်ရန်​ အတွက် (၁၉၈၇)​ ခုနှစ်က ကင်ဂျံုအီထံမှ တိုက်ရိုက်​ အမိန့်​ ခံယူခဲ့သည့် ကင်ဟွန်ဟီက ထိုကဲ့သို့ ကြီးကျယ်သော လုပ်ရပ်များကို မြောက်ကိုရီးယား ခေါင်းဆောင်ကြီး​ ကသာ အမိန့်ပေး​ လေ့ရှိကြောင်း ပြောကြား​ ခဲ့သည်။ သူမ၏ လုပ်ရပ်ကြောင့် လူပေါင်း​ (၁၁၅)​ ဦး သေဆုံးခဲ့သည့်​ အတွက် သေဒဏ်​ ချမှတ် ခံခဲ့ရပြီးမှ နောက်ပိုင်းတွင် ပြစ်ဒဏ်​ ကင်းလွတ်ခွင့် ရခဲ့သော ဟွန်ဟီက ချိုဆန်​ မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် စစ်ရေး​ အရ ကြီးကျယ်သော အမိန့်ပေးမှုများကို မြောက်ကိုရီးယား သမ္မတ​ ဖြစ်မလာခင်ကတည်းက ကင်ကသာ ပြုလုပ်​ လေ့ရှိကြောင်း ပြောဆို​ သွားသည်။ ကင်သည် ဖခင်ကြီး ကင်အီဆန်​ သေဆုံးပြီးနောက် မြောက်ကိုရီးယား၏ အာဏာစက်ကို (၁၉၉၄)​ ခုနှစ်က ဆက်ခံ​ ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၎င်းသည် ဖခင်ဖြစ်သူ နိုင်ငံအား ခေါင်းဆောင်​ နေစဥ်ကတည်းက တောင်ကိုရီးယားအား လက်စောင်း​ ထက်ထက် တိုက်ခိုက်ရန် အစီအစဥ်များကို ချမှတ်​ ခဲ့ကြောင်း ဟွန်ဟီကဆိုသည်။ ဟွန်ဟီသည် ယခုအခါ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးမြို့တော်တွင် ရဲ​ အစောင့်အရှောက်ဖြင့် နေထိုင်​ လျက်ရှိသည်။

မတ်လ​ အတွင်းက နှစ်နိုင်ငံ နယ်နိမိတ် ရေပြင်အနီးတွင် မြောက်ကိုရီးယားက ပစ်ခတ်​ ခဲ့သည်ဟု ယူဆရသည့် တော်ပီဒိုတစ်စင်း ထိမှန်သောကြောင့် တောင်ကိုရီးယား စစ်သင်္ဘော Cheonan​ နစ်မြုပ်ခဲ့ပြီး ရေတပ်သား​ (၄၆)​ ဦး အသက်ဆုံးရှုံးခဲ့သည့် ကိစ္စအတွက် ကိုရီးယား​ နှစ်နိုင်ငံကြား တင်းမာမှုမှာ အမြင့်ဆုံးသို့ ရောက်ရှိနေသည်။ ယခုအခါ အသက်​ (၄၀)​ အရွယ်ရှိပြီဖြစ်သည့် ဟွန်ဟီက ခေါင်းဆောင်ကြီး​ ကင်မှာ သဘောထား ပြတ်သား​ တင်းမာသူ တစ်ဦးဖြစ်ကြောင်းလည်း မှတ်ချက်ပြု ပြောဆို​ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here