​အော်လန်​ဒို​ဘ​လွန်း​နှင့်​ ​မော်​ဒယ်​မီ​ရန်​ဒါ​ကား​တို့​ ​စေ့​စပ်​လိုက်

alt

ဟောလီးဝုဒ် မင်းသား အော်လန်ဒိုဘလွမ်း တစ်ယောက် တရားဝင် စေ့စပ် လိုက်ပြီ ဖြစ်သည်။ Pirates of Caribbeanနှင့် Lord of the Rings ဇာတ်ကားများတွင် နာမည် ရခဲ့သော မင်းသားသည်

၎င်းနှင့် ကာလကြာရှည် တွဲနေသည့် ဩစတြေးလျ မော်ဒယ် မီရန်ဒါကားနှင့် ပြီးခဲ့သည့် သီတင်းပါတ်ကုန်က စေ့စပ် လိုက်ကြောင်း မင်းသား၏ လူထု ဆက်ဆံရေး အရာရှိက အတည်ပြု ပြောကြားခဲ့သည်။ ယခင်က ၎င်းတို့နှစ်ဦး စေ့စပ်ကြောင်း သတင်းများ ထွက်ပေါ် လာတိုင်း မကြာခဏ ငြင်းဆို ခဲ့ဖူးသော်လည်း ယခုအခါ ဘလွမ်းနှင့် ကားတို့မှာ လက်ထပ်ရန် စီစဥ် နေပြီ ဖြစ်သည်။ Victoria Secret ဖက်ရှင် မော်ဒယ် တစ်ဦးဖြစ်သည့် ကားနှင့် ဘလွမ်းတို့သည် (၂၀၀၇) ခုနှစ်ကတည်းက တွေ့ဆုံ ချစ်ကျွမ်း ဝင်ခဲ့ကြခြင်းဖြစ်သည်။

ဗြိတိသျှဖွား ဘလွမ်းနှင့် ပျော်ရွှင်စရာကောင်းသော အိမ်ထောင်တစ်ခုကို တည်ဆောက် သွားလိုကြောင်း ကားက ပြောဆိုခဲ့ဖူးသည်။ ဘလွမ်းတို့ စုံတွဲသည် ယမန် နှစ်ကတည်းက လက်ထပ် တော့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နှစ်ဦးစလုံး အလွန် အလုပ်များ နေသည်ဟူသော အကြောင်းပြချက်ဖြင့် ယင်းသတင်းများအား ပယ်ချခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here