​လိင်​မှု​ဗီ​ဒီ​ယို​တွင်​​ ပါ​ဝင်​သည့်​ အင်​ဒို​နီး​ရှား​ မော်​ဒယ်​ သူ​မ​၏​ တင်​ပါး​မှ ဆေး​မင်​ကြောင်​အား​ ဖယ်​ရှား

alt

လိင်မှု ဗီဒီယိုကြောင့် အရှက်တကွဲ ဖြစ်နေသည့် မော်ဒယ်နှင့် TV​ အစီအစဥ် တင်ဆက်သူ လူနာ မာယာသည် သူမ၏ ခန္ဓာကိုယ်မှ Tattoo​ ကို ဖယ်ရှား လိုက်ကြောင်း သိရသည်။

အင်ဒိုနီးရှား၏ နာမည်ကျော် Celebrity​ တစ်ဦးဖြစ်သည့် လူနာသည် သူမ၏ ချစ်သူ Petarpan​ အဖွဲ့မှ ခေါင်းဆောင်​ အဆိုတော် အေရီရယ်နှင့် လိင်ဆက်ဆံနေသည့် ဗီဒီယို အင်တာနက်တွင် ပျံ့နှံ့လာပြီးနောက် အကြီးအကျယ် ဝေဖန်မှုများ ရင်ဆိုင် နေရသလို ဗီဒီယို အတွင်း သူမ၏ တင်ပါးတွင် ထိုးထားသည့် လင်းပိုင်ပုံ Tattoo မှာလည်း ထင်ထင်ရှားရှား ဖြစ်နေခဲ့သည်။ ယခုအခါ လူနာရော၊ အခြား အမျိုးသမီး တစ်ဦးနှင့်ပါ လိင်ဆက်ဆံနေသည့် ဗီဒီယိုများ ထွက်ပေါ်ခဲ့သည့် အေရီရယ်ရော၊ အမျိုးသမီး နှစ်ဦးလုံးကိုပါ ညစ်ညမ်း ပုံရိပ်များ ဖြန့်ဝေမှုဖြင့် အင်ဒိုနီးရှား ရဲတပ်ဖွဲ့က တရားစွဲရန် စီစဥ် နေပြီးနောက် သက်သေထင်ရှား ဖြစ်နေသည့် အဆိုပါ Tattoo အား လူနာက ဖျက်ပစ် ခဲ့ခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။

အင်ဒိုနီးရှား ရဲတပ်ဖွဲ့ကမူ ၎င်းတို့သည် Tattoo အား လေဆာ နည်းပညာဖြင့် ဖျက်ပေးခဲ့သည်ဆိုသော လူနာ၏ ဆရာဝန်အား မေးမြန်းမှုများ ပြုလုပ် နေကြောင်း ပြောကြားခဲ့သည်။ ဆရာဝန်ထံမှ ကျေနပ်လောက်စရာ ထွက်ဆိုချက်အား ရရှိထားပြီး ယင်းကိစ္စကို ပိုမို အသေးစိတ် ကြေညာ သွားမည်ဟုလည်း ရဲတပ်ဖွဲ့မှ အတွင်းလူ တစ်ဦးက အတည်ပြု ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here