​အီ​တ​လီ​အ​သင်း​ ​တိုက်​စစ်​ပိုင်း​တွင်​ ​အား​နည်း​မ​ှု​များ​ရှိ​ဟု​ ​နည်း​ပြ​ မာ​ဆယ်​လို​လစ်​ပီ​ ​ဝန်​ခံ​

alt

ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် ချန်ပီယံ ကာကွယ်သူ အဖြစ် ၀င်ရောက် ယှဥ်ပြိုင်နေသည့် အီတလီ လက်ရွေးစင် အသင်း နည်းပြကြီး မာဆယ်လိုလစ်ပီက ၎င်း၏ အသင်းသည် တိုက်စစ်ပိုင်းတွင်

ကြီးကြီးမားမား အားနည်းမှုများ ရှိနေကြောင်း ဝန်ခံ ပြောကြားလိုက်သည်။ အီတလီသည် ခြေစွမ်းပိုင်း အလွန် ထူးချွန်မှု မရှိသည့် နယူးဇီလန်အား (၁-၁) ဖြင့် သရေကျခဲ့ရာ အီတလီ ပရိသတ်များ အတွက် စိတ်ပျက်ဖွယ်ရာ ဖြစ်ခဲ့သည်။ ထိုပွဲတွင် အီတလီသည် နယူးဇီလန်၏ ဦးဆောင်မှုကိုပင် ခံခဲ့ရပြီး ပင်နယ်တီ ရသဖြင့်သာ ကံကောင်းထောက်မစွာ ချေပဂိုး ရသွားခဲ့သည်။

အဖွင့်ပွဲတွင် ပါရာဂွေးနှင့်လည်း (၁)ဂိုးစီ သရေကျထားသဖြင့် အုပ်စု(F)တွင် ရုန်းကန်နေရသည့် ကမ္ဘာ့ချန်ပီယံ အသင်းကြီး၏ နည်းပြက အီတလီသည် တစ်ဖက်အသင်း ဂိုးပေါက်ရှေ့တွင် မလုပ်တတ်၊ မကိုင်တတ်ဖြင့် ဒုက္ခရောက်နေရကြောင်း ဝေဖန်လိုက်သည်။ အီတလီသည် နယူးဇီလန်ဖက်သို့ (၂၃)ကြိမ် ကန်ခွင့်ရသော်လည်း တစ်ဂိုးမှ မရခဲ့ခြင်းက တိုက်စစ်မှူးများ၏ ဂိုးသွင်းခြေ ပျောက်နေခြင်းအား ညွှန်ပြလျက်ရှိသည်။ သို့သော်လည်း လစ်ပီက အသင်းအနေနှင့် ပိုမိုခြေတက်လာပြီး အုပ်စုအဆင့်မှလွတ်ကာ အကောင်းဆုံး ယှဥ်ပြိုင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အီတလီသည် အုပ်စုတက်ရေးအတွက် နောက်ဆုံးပွဲစဥ်တွင် ဆလိုဗက်ကီးယားအား မဖြစ်မနေ အနိုင်ကစားရမည်ဖြစ်ရာ တိုက်စစ်အတွက် စိုးရိမ်မိကြောင်း ဝန်ခံပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here