ကူ​ဝိတ်​မင်း​သား​တစ်​ပါး​ ဦး​လေး​ဖြစ်​သူ​​၏ ​ပစ်​ခတ်​မှု​ကြောင့်​ ​သေ​ဆုံး

alt

ကူဝိတ်နိုင်ငံမှ မင်းသားတစ်ပါးသည် ဦးလေး ဖြစ်သူ၏ ပစ်ခတ် သတ်ဖြတ်မှုကြောင့် သေဆုံး သွားကြောင်း သိရှိရသည်။ ဇွန်လ (၁၉) ရက်နေ့ သတင်းများ အရ မင်းသား ရှိတ်ဘေဆယ် ဆာလမ် ဆာဘား အယ် ဆာလမ် အယ် ဆာဘားသည်

ပြီးခဲ့သည့် သီတင်းပါတ် အတွင်း အသက် (၅၂) နှစ် အရွယ်တွင် အနိစ္စ ရောက်ခဲ့ပြီဟု ဖော်ပြ ထားသည်။ ပြည်တွင်း မီဒီယာများကမူ ရှိတ်ဘေဆယ်သည် ဦးလေး ဖြစ်သူ၏ ပစ်သတ်မှုကြောင့် ဇွန်လ (၁၇) ရက်နေ့က သေဆုံး သွားခြင်းဟု စွပ်စွဲ ရေးသား ခဲ့သည်။ ၎င်းအား အခင်း ဖြစ်ရာမှ ဆေးရုံသို့ ခေါ်ဆောင် သွားသော်လည်း လမ်းတွင်ပင် သေဆုံး သွားကြောင်း သိရှိရသည်။

ရှိတ်ဘေဆယ်နှင့် ယင်း၏ ဦးလေးတို့သည် ကားများ ပိုင်ဆိုင်ခွင့် အတွက် အငြင်းပွားရင်း ယခုလို ခြေလွန် လက်လွန် သတ်ဖြတ် ခဲ့ခြင်းဟု သိရသည်။ မိသားစုက ရှိတ်ဘေဆယ်အား ဇွန်လ (၁၉) ရက်နေ့တွင် ထုံးတမ်း စဥ်လာအတိုင်း မြှုပ်နှံ သဂြင်္ိုဟ် လိုက်ကြောင်း အတည်ပြု ကြေညာခဲ့ပြီး ရဲတပ်ဖွဲ့ကမူ ဖြစ်စဥ်နှင့် ပတ်သက်ပြီး အသေးစိတ် စတင် စုံစမ်း နေကြောင်း ပြောကြား ခဲ့သည်။

သတင်း ဌာနများက ရှိတ်ဘေဆယ်၏ ဦးလေး ဖြစ်သူ၏ အမည်အား ဖော်ပြခြင်း မရှိချေ။ ယခု လောလောဆယ်တွင် ယင်းအား ရဲများက ဖမ်းဆီး ထားလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here