​ကာ​တွန်းကား​ကြိုက်သည့်​က​လေး​များ​ ​ကျန်း​မာ​ရေး​ထိ​ခိုက်​တတ်

alt

ကလေးများ ကာတွန်းကား ကြိုက်ခြင်းက ၎င်းတို့၏ ကျန်းမာရေးကို ဆက်စပ် ထိခိုက် စေကြောင်း သုတေသန ရလဒ်များက ဖော်ပြခဲ့သည်။ ကလေးငယ်များသည် ၎င်းတို့ နှစ်သက်စွဲလန်းသည့်

ကာတွန်းဇာတ်ကောင်ပုံများ၊ အရုပ်များ ပါသည့် မုန့်ပဲ သရေစာများကို ပိုမို စားကြလေ့ရှိသည့်အတွက် အဝလွန်မှု ဖြစ်ပေါ်စေမည့် အခြေအနေမျိုးနှင့် ပိုမို နီးစပ် လာကြောင်း သိရသည်။ ဥပမာ အားဖြင့် ကမ္ဘာပေါ်တွင် လူသိအများဆုံး ကာတွန်း ဇာတ်ကောင်ဖြစ်သည့် Scooby-Doo အရုပ်များကို ကွတ်ကီးများနှင့် သရေစာ မုန့်ထုပ်များ အတွင်း ထည့်သွင်းထားရာ ကလေးများ နှစ်သက်စွာ ဝယ်ယူ စားသောက်နေကြသည်။ ထို့အတူ Shrek၊ Dora the Explorer တို့ အပါအဝင် ကာတွန်း ဇာတ်ကောင် အမြောက်အမြားကို ကလေးများ အတွက် အဝ လွန်စေမည့် အစားအစာများတွင်ရော၊ ကျန်းမာရေး အတွက် သင့်တော်သည့် အစားအစာများတွင်ပါ ထည့်သွင်း ရောင်းချ နေကြောင်း ဆရာဝန်များက ပြောကြား ခဲ့သည်။

သုတေသီများက ယင်းကဲ့သို့ မုန့်များကို အသက်(၄)နှစ်မှ (၆)နှစ်ကြား ကလေးငယ်များ အနှစ်သက်ဆုံးဟု ပြောဆိုသွားသည်။ အသက်(၁၂)နှစ်အောက် အမေရိကန် ကလေးငယ်များသည် ယင်းကဲ့သို့ မုန့်ပဲ သွားရည်စာများ အတွက် နှစ်စဥ်ဒေါ်လာ ဘီလျံနှင့်ချီ သုံးစွဲနေကြောင်း ပြည်ထောင်စု ကုန်သွယ်ရေး ကော်မရှင်ကဆိုသည်။ ကော်မရှင်၏ (၂၀၀၆)ခုနှစ် တစ်ခုထဲအတွက် လေ့လာခဲ့သည့် စစ်တမ်းအရ သွားရည်စာ ကုမ္ပဏီ အမြောက်အမြားသည် ကာတွန်းဇာတ်လမ်း (၈၀)ကျော်မှ ဇာတ်ကောင်များကို Promotion အတွက် အသုံးချခဲ့ကြောင်း သိရသည်။

ယေးတက္ကသိုလ်ရှိ အစားအသောက် မူဝါဒနှင့် အဝလွန်မှု ထိန်းသိမ်းရေးဆိုင်ရာ ရုဒ်ဖောင်ဒေးရှင်းမှ သုတေသီ ခရစ်စတီးနားရောဘတ်တိုက စားသောက်ကုန်များသည် ကလေးများအား ကာတွန်းဖြင့် စည်းရုံးသိမ်းသွင်းမှုကို တွင်တွင်ကျယ်ကျယ် ပြုလုပ်လာနေကြောင်း အတည်ပြု ပြောကြားခဲ့သည်။ စစ်တမ်းများအရ အမေရိကန်၏ ကလေးသူငယ် အဝလွန်မှု အခြေအနေသည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း တစထက်တစ တိုးတက်လာပြီး ယခုလက်ရှိတွင် အဆိုးဆုံး အနေအထားထိ ရှိနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here