​ဂါ​ဇာ​ဒေ​သ​အား​ ​ပိတ်​ဆို့​ထား​မှု​ ​အ​ကန့်​အ​သတ်​ဖြင့်​ ​အ​စ္စ​ရေး​လျှော့​ချ​ပေး

alt

အစ္စရေးနိုင်ငံသည် ဂါဇာဒေသအား ပိတ်ဆို့ထားမှုကို အကန့်အသတ်ဖြင့် လျှော့ချ ပေးမည်ဆိုသော ကတိ အတိုင်း ဇွန်လ(၂၁)ရက်နေ့တွင် ထောက်ပံ့ရေး ပစ္စည်း အတော်များများကို ဂါဇာသို့ တင်ပို့ရန် ခွင့်ပြု ပေးခဲ့သည်။

အစ္စရေး ဝန်ကြီးချုပ်၏ရုံးက လူသားချင်း စာနာမှု ထောက်ပံ့ရေး ပစ္စည်းများကို ဂါဇာကမ်းမြှောင်သို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြား သွားသည်။ ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် မက်ရီးဂက်က အစိုးရအနေနှင့် ဂါဇာအား တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားမှုကို အတန်ငယ် လျှော့ချပေးလိုက်ပြီးနောက် အစားအသောက်များ အပါအဝင် ပစ္စည်းအမျိုးအစား (၁၁၄)ခုကို ဂါဇာသို့ တင်သွင်းရန် ခွင့်ပြုခဲ့ကြောင်း ပြောဆိုခဲ့သည်။ ဟားမတ်ပြောက်ကျားများအတွက် မဟုတ်ဘဲ ဂါဇာပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းများကို ခွင့်ပြုရန်မှာ မိမိတို့အတွက် အခက်အခဲ မရှိကြောင်း ရီးဂက်ကဆိုသည်။

အစ္စရေးတို့သည် ဂါဇာကို ဟားမတ်တို့ ကြီးစိုးလာသည့် (၂၀၀၇) ခုနှစ်ကတည်းက အဖက်ဖက်မှ ပိတ်ဆို့ ခဲ့ခြင်းဖြစ်သည်။ အစ္စရေး အာဏာပိုင်များက ထောက်ပံ့ရေး ပစ္စည်းများ အတွင်း ကန့်သတ်ထားသည့် လက်နက်နှင့် လက်နက်အသွင် ကူးပြောင်း အသုံးပြုနိုင်သော အငြင်းပွားဖွယ် ပစ္စည်းများ မပါဝင်ရန်မူ အသေးစိတ် စီစစ်မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။ ယင်းတို့မှာ ဂါဇာ ဒေသခံများထံ ရောက်သွားပါက ကိစ္စမရှိလှသော်လည်း ဟားမတ်တို့လက်သို့ ရောက်ရှိ သွားမည်ကို စိုးရိမ်သဖြင့် လုံးဝ တင်သွင်းခွင့် ပြုမည်မဟုတ်ကြောင်း ရီးဂက်က ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here