eBook​ Reader​ ​ေ​ဈး​ကွက်​ပြိုင်​ဆိုင်​မှု​ တိုက်​ပွဲ​​ ပြင်း​ထန်​လာ​ဖွယ်​ရှိ

alt

Kindle​ နှင့် Nook​ တို့ကြား ဈေးနှုန်းလျှော့ချမှု ပြိုင်ပွဲကြောင့် eBook Reader​ ဈေးကွက်တွင် ဈေးနှုန်း တိုက်ပွဲသစ် တစ်ခု ပေါ်ပေါက် လာဖွယ် ရှိနေကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

Barnes & Nobleက ၎င်းတို့ လွန်ခဲ့သော (၆) လက စတင် ထုတ်ဝေခဲ့သည့် eBook Reader Nook အား (၂၅၉) ဒေါ်လာမှ (၁၉၉) ဒေါ်လာသို့ ဈေးချ လိုက်ကြောင်း ဇွန်လ (၂၁) ရက်နေ့က ကြေညာ ခဲ့သည်။ ထိုနေ့တွင်ပင် Amazon ကလည်း ချက်ချင်း တုန့်ပြန်ကာ ၎င်းတို့၏ eBook Reader ဖြစ်သည့် Kindle အား ရောင်းဈေး (၂၅၉) ဒေါ်လာမှ (၁၈၉) ဒေါ်လာသို့ လျှော့ပေး လိုက်သည်။ Nook သည် Wi-Fi စနစ် တစ်ခုထဲဖြင့် အင်တာနက် ချိတ်ဆက် နိုင်မည့် ပိုမို ဈေးသက်သာသည့် Version တစ်ခုကိုလည်း ထုတ်ဝေ ခဲ့သေးသည်။ ဈေးနှုန်းများ အပြိုင်အဆိုင် လျှော့ချ လာမှုသည် eBook Reader များကို ဦးဆောင် နေသည့် Apple၏ iPad အတွက်လည်း ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာစေဖွယ် ရှိနေသည်။ Forrester သုတေသန ဌာနမှ လေ့လာသူ ဂျိမ်းမက်ကင်ဗီးက ဈေးနှုန်း ပြိုင်ပွဲသည် စိတ်ဝင်စားစရာ အခြေအနေ ဖြစ်သလို eBook Reader များ နောက်ထပ် ပိုမို ဈေးကျ လာဖွယ် ရှိနေကြောင်း ပြောကြားခဲ့သည်။

ယခင်က Kindleနှင့် Barnes & Noble တို့သည် eBook Reader ဈေးကွက်ကို ဦးဆောင် ခဲ့သော်လည်း iPad ထွက်ပေါ် လာချိန်တွင် အမေရိကန် စာပေ ထုတ်ဝေရေး လုပ်ငန်းကြီး (၅) ခုက iPad အတွက် စာအုပ်များကို eBook Reader​ အဖြစ် ဖတ်ရှုရာတွင် ကျသင့် တန်ဖိုး၏ (၃၀) ရာခိုင်နှုန်း ကော်မရှင်ဖြင့် ရောင်းချ ပေးရန် သဘောတူညီ ခဲ့ပြီးနောက် Apple မှာ ဈေးကွက် အတွင်း အသာရလာခဲ့သည်။ သို့သော်လည်း ဈေးနှုန်း လျှော့ချ ပြိုင်ဆိုင်မှုများ ပြင်းထန် လာပါက Apple အနေနှင့် ပိုမို ကောင်းမွန်သော ဈေးကွက် နည်းဗျူဟာများ လိုအပ် လာနိုင်ကြောင်း မက်ကင်ဗီးက သုံးသပ် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here