ဆ​န္ဒ​ပြ​မှု​များ​အ​တွင်း​ ​သေ​ဆုံး​ခဲ့​သည့်​ ထိုင်း​ဗိုလ်​မှူး​ကြီး​ဟောင်း​ ​အ​ရိုး​ပြာ​မြှုပ်​နှံ​သည့်​အ​ခမ်း​အ​နား​ ​လု​ံခြံု​ရေး​များ​ချ​

alt

ထိုင်းနိုင်ငံတွင် နိုင်ငံရေး အဓိကရုဏ်းများ ဖြစ်ပွားစဥ်က အစိုးရ စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံး သွားသည့် ရှပ်နီများ၏ စစ်ရေး အကြံပေး ဗိုလ်မှူးကြီးဟောင်း ခက်တီယာ ဆာဝါဒီပို၏ အရိုးပြာ မြှုပ်နှံမှု အခမ်းအနား အတွက် ထိုင်းရဲတပ်ဖွဲ့ဝင် ရာနှင့်ချီပြီး လုံခြံုရေး တာဝန် ယူခဲ့ရကြောင်း သိရှိရသည်။

အစိုးရဆန့်ကျင်ရေး ရှပ်နီ အင်အားစုများ၏ စစ်ရေး အကြံပေးအဖြစ် တရားမဝင် တာဝန်ယူထားသည့် ခက်တီယာသည် စနိုက်ပါ လက်ဖြောင့် သမား တစ်ဦးကြောင့် ခေါင်းတွင် ကျည်ဆံ ထိမှန် ခံရပြီး ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ သတင်းထောက် တစ်ဦးနှင့် အင်တာဗျူး ပြုလုပ် နေစဥ်ပင် အပစ်ခတ် ခံရသည့် ခက်တီယာအား လုပ်ကြံသူကို ယခုတိုင် မဖော်ထုတ်နိုင်သေးပေ။ ရဲဌာနက ဘန်ကောက်ရှိ ဆာဒင်းမှ ဘုရားကျောင်း တစ်ခုတွင် ပြုလုပ်မည့် အရိုးပြာ မြှုပ်နှံပွဲသို့ ရှပ်နီ အရေအတွက် တစ်သောင်းကျော် တက်ရောက်ဖွယ် ရှိနေကြောင်း ခန့်မှန်း ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင် (၈၀၀) ကျော်ကို တပ်ဖြန့် ထားလိုက်သည်။

အဆိုပါ ပမာဏသည် မေလ (၁၉) ရက်နေ့နောက်ပိုင်း ရှပ်နီ အရေအတွက် အများဆုံး စုစည်း ခဲ့မှုလည်းဖြစ်သည်။ ရှပ်နီ ခေါင်းဆောင်များမှာမူ အဖမ်းခံ ထားရခြင်းကြောင့် ဇွန်လ(၂၂)ရက်နေ့ အခမ်းအနားသို့ တက်ရောက် နိုင်မည်မဟုတ်ပေ။ ထိုင်းနိုင်ငံတွင် နှစ်လ ကျော်ကြာ ဖြစ်ပွားခဲ့သည့် နိုင်ငံရေး အဓိကရုဏ်းများကြောင့် လူပေါင်း (၉၀) ကျော် သေဆုံးကာ (၁၉၀၀) ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here