​လုံ​ခြံု​ရေးဝန်​ထမ်း​​ ​ဘီး​တပ်စက်​ရုပ်အား​ Hitachi​ ​မိတ်​ဆက်​

alt

ဂျပန်နည်းပညာ ကုမ္ပဏီကြီး Hitachi​ သည် လုံခြံုရေး ဝန်ထမ်း အဖြစ် တာဝန် ထမ်းဆောင်နိုင်မည့် ဘီးတပ် စက်ရုပ် တစ်မျိုးအား မိတ်ဆက် ပြသ လိုက်သည်။

Hitachi ၏ သယ်ယူ ပို့ဆောင်ရေး စနစ် ဆိုင်ရာ ဌာနမှ သုတေသန အကြီးအကဲ ယူဂျီဟိုဆိုဒါက EMIEW2 ဟု အမည်ပေးထားသည့် စက်ရုပ် ကလေးသည် အသံဖြင့် အမိန့်ပေး ခိုင်းစေမှုကို သိရှိနိုင်ပြီး ခရီးစဥ် Guide အဖြစ်ပါ ဆောင်ရွက် နိုင်ကြောင်း ပြောကြား ခဲ့သည်။ စက်ရုပ်အား လမ်းလျှောက် နိုင်အောင် ပြုလုပ် ရသည့် နည်းပညာပိုင်းတွင် အခက်အခဲများ ရှိနေ သောကြောင့် Hitachi က စက်ရုပ်ငယ်အား ဘီးတပ်ကာ တီထွင် လိုက်ပြီး ယင်း အနေနှင့် လွယ်ကူ ချောမွေ့စွာ သွားလာ နိုင်ကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပါတ်က တိုကျိုတွင် စတင် ပြသ လိုက်သည့် စက်ရုပ်လေးသည် လူသားအသံနှင့် နောက်ခံ ဆူညံသံများကို ခွဲခြား နိုင်ပြီး သီချင်းသံ၊ ခြေသံစသည်ဖြင့် အသေအချာ သိရှိနိုင်သည်။ ဘီးတပ်ထားသော စက်ရုပ် ကလေးသည် အမြန်ဆုံး နှုန်းအဖြစ် တစ်နာရီလျင် (၃.၇) မိုင်ထိ ရောက်ရှိနိုင်ပြီး ယင်းပမာဏမှာ သတ်လတ်ပိုင်း လူတစ်ဦး ခပ်မြန်မြန် လမ်းလျှောက် သည်နှင့် ညီမျှမည်ဖြစ်သည်။

Hitachi က ယင်းစက်ရုပ်လေးများကို အဓိကအားဖြင့် အဆောက်အအုံကြီးများတွင် ဧည့်သည်များအား လမ်းညွှန်ခေါ်ဆောင်ပေးသည့် Guide များ အဖြစ် အသုံးချနိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း စက်ရုပ်လေးများအား ဈေးကွက်တွင် ရောင်းချ သွားရန် ရည်ရွယ်ထားမှု ရှိမရှိကိုမူ ကုမ္ပဏီက မကြေညာခဲ့ချေ။ စက်ရုပ်လေး၏ အမည်ကို ဩစတြေးလျမှ မပျံသန်းနိုင်ဘဲ လမ်းလျှောက်သွားလာသော ငှက်တစ်မျိုးဖြစ်သည့် အီမြူးနှင့် ဆင်တူစေရန် EMIEW ဟု ရွေးချယ် ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here